Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်နယ်၌ နှစ်လအတွင်း စစ်ကောင်စီတပ်သား ၃၀ကျော် ပြည်သူ့ရင်ခွင်ခိုလှုံလာ

ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများအနက် တပ်မ(၅၅)နှင့် ကရင်နီအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

(စက်တင်ဘာလဆန်းပိုင်းက လွိုင်လင်​လေးအခြေစိုက် ခမရ(၅၃၀)တပ်မှ သေနတ်နှစ်လက်ဖြင့် ပြည်သူ့ရင်ခွင်လှုံလာသည့် စစ်ကောင်စီတပ်သားအား တွေ့ရစဥ်။ဓာတ်ပုံ - KNDF)
(စက်တင်ဘာလဆန်းပိုင်းက လွိုင်လင်​လေးအခြေစိုက် ခမရ(၅၃၀)တပ်မှ သေနတ်နှစ်လက်ဖြင့် ပြည်သူ့ရင်ခွင်လှုံလာသည့် စစ်ကောင်စီတပ်သားအား တွေ့ရစဥ်။ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၌ နှစ်လအတွင်း စစ်ကောင်စီတပ်သား ၃၀ကျော်ခိုလှုံလာကြောင်း ကရင်နီပြည်သူ့ရင်ခွင်၏ ဌာနမှူး ကိုယုန်လေးက လူထုနွေဦးသို့ ပြောသည်။

ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများအနက် တပ်မ(၅၅)နှင့် ကရင်နီအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“သြဂုတ်နဲ့စက်တင်ဘာက CDM တော်တော် များတယ်။ဝင်လာတဲ့သူတွေရဲ့ စိတ်အခြေအနေအရ တပ်တွင်းပျက်နေတာ ပိုဆိုးလာတာသိရတယ်။အသေခံခိုင်းနေတာကို သူတို့လည်း သိနေကြပြီလေ”ဟု ကိုယုန်လေးက ရှင်းပြသည်။

ခိုလှုံလာသည့် တပ်သား ၃၀ ကျော်အနက် ၆ ဦးမှာ လက်နက်နှင့် ခဲယမ်းများပါရှိကာ ထိုက်သင့်သော ဆုကြေးငွေများက ကရင်နီပြည်သူ့ရင်ခွင်က ချီးမြှင့်ခဲ့သည်။

” ဒီဘက်တော်လှန်ရေးအင်အားစုတွေက ပိုလုပ်ပြလာနိုင်လေ စကစ တပ်သားတွေ ခိုလှုံလာတာ ပိုများလာမှာပဲ။နောက်ပြီး ကရင်နီပူးပေါင်းတပ်တွေရဲ့ လုပ်နိုင်စွမ်းက လည်း ပိုပြီးအရှိန်မြင့်လာပြီး ပူးပေါင်း မှုစွမ်းရည်မြင့်လာတာ အဓိကပဲ”ဟု ကရင်နီစစ်ရေးသတင်း ရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နှစ်နှစ်ကျော်အတွင်း ကရင်နီ(ကယား)ပြည်နယ်၌ ပြည်သူ့ရင်ခွင်လှုံလာသည့် ရဲတပ်ဖွဲ့ဝင် ၃၀၀ကျော်ရှိပြီး စစ်ကောင်စီတပ်သား ၁၅၀ခန့် ရှိသည်။

ထို့အပြင် စိစစ်ဆဲ(CDM ဟု မသတ်မှတ်နိုင်သေးသူ) စစ်ကောင်စီတပ်သား ၂၀ဦးခန့်မှာလည်း ကရင်နီပြည်သူ့ရင်ခွင်၏ စီစဥ်မှုအောက်တွင်ရှိနေသည်။