Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးမြို့ မြို့ရှောင်လမ်းရှိ ထောက်ပို့တပ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ယနေ့ နံနက်တွင် ပဲခူးမြို့အတွင်း စစ်ကားများ လှည့်လည်စစ်ဆေးမှု ပြုလုပ်နေပြီး ပဲခူးမြို့အဝင် တိုးဂိတ်၊ ဥဿာမြို့သစ်နှင့် မြို့ရှောင်လမ်းတို့တွင်လည်း ဖြတ်သန်းသွားလာသည့် ယာဥ်များကို စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

(ပဲခူးမြို့ရှိ မြို့ရှောင်လမ်းမကြီး/ပုံအဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)
(ပဲခူးမြို့ရှိ မြို့ရှောင်လမ်းမကြီး/ပုံအဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)

▪︎စစ်ကောင်စီဝင် (၁)ဦးသေ၊ (၂)ဦး ဒဏ်ရာပြင်းထန်ရရှိ

ပဲခူးမြို့ မြို့ရှောင်လမ်းမရှိ အကြမ်းဖက်စစ်ကောင်စီ၏ ပင်မထောက်ပံ့ပို့ဆောင်ရေးတပ်ကို ယမန်နေ့ညပိုင်းက ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်​ကောင်စီတပ်မှ ၃ ဦးသုံးဒဏ်ရာရပြီး ​ဆေးရုံတွင် ​သေဆုံးသွားသည်ဟု ​ဒေသခံအချို့က​ပြောသည်။

ယမန်နေ့(​အောက်တိုဘာ ၃) ည ၈ နာရီခန့်တွင် ပဲခူးမြို့နယ်ပကဖ က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပင်မထောက်ပံ့ပို့ဆောင်ရေးတပ်ကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဂိတ်ပေါက်ဘန်ကာကိုလည်း မိုင်းခွဲ၍ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် တစ်ဦးသေဆုံး၍ (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲကလည်းယ​နေ့ထုတ်ပြန်သည်။

“ညက မြို့ရှောင်လမ်းဘက်က ထောက်ပို့တပ်ကို PDF တွေ ဗုံးနဲ့ လာပစ်သွားတာပါ။ စစ်သား ၃ ယောက်လောက်ထိပြီး ဖြစ်ဖြစ်ချင်း ရန်ကုန်ဆေးရုံကို တန်းပို့တယ်လို့ သိရတယ်။ ဒီမနက် ဆေးရုံမှာ တစ်ယောက် သေသွားတယ် ကြားပါတယ်။ နောက်နှစ်ယောက်လည်း အခြေအနေမကောင်းဘူး လို့တော့ သိရတယ်” ဟု ပဲခူးမြို့ခံပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်​ရေးကို ပဲခူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF) နှင့် Daik-U Defence Force(DDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း BPDF အဖွဲ့က ဆိုသည်။

ယနေ့ နံနက်တွင် ပဲခူးမြို့အတွင်း စစ်ကားများ လှည့်လည်စစ်ဆေးမှု ပြုလုပ်နေပြီး ပဲခူးမြို့အဝင် တိုးဂိတ်၊ ဥဿာမြို့သစ်နှင့် မြို့ရှောင်လမ်းတို့တွင်လည်း ဖြတ်သန်းသွားလာသည့် ယာဥ်များကို စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement