Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်မြို့ ရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ

အဆိုပါစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနှင့်အတူ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ်(၂)တပ်ရင်း၊ Bomb God Local PDF၊ မြို့မတိုက်နယ်ပကဖ(မြောင်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့ရှိ ရဲစခန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့အား မဟာမိတ်အဖွဲ့များ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၃၁ရက်) မွန်းလွဲ၂နာရီခန့်က စစ်ကောင်စီတပ်စွဲထားသည့် မြောင်မြို့​ပေါ်ရဲစခန်းနှင့် ထွေအုပ်ရုံးအား မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုကာ ပြောက်ကျားစနစ်ဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

“ရဲစခန်းနဲ့ထွေအုပ်ရုံးက နီးတယ်။ မိနစ်နှစ်ဆယ်လောက်တော့ ကြာတယ်။ အဓိကက ရဲစခန်းပစ်တာ။ စက်လက်အပါအဝင် လက်နက်ငယ်အချို့နဲ့ပြန်ပစ်တယ်။ အဝေးကနေအလစ်ငိုက်တိုက်ခိုက်တာမို့ သတ်မှတ်ထားတဲ့အချိန်ပြည့်တာနဲ့ ပြန်ဆုတ်လာခဲ့တာ။”ဟု စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း-Myaung Special Defence Force-MSPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အလားတူ ယမန်နေ့ နံနက် ၂နာရီခန့်ကလည်း မြောင်မြို့နယ် ကျောက်တန်းကျေးရွာ၌ သုံးရက်ကြာတပ်စွဲပြီး ပြန်ထွက်လာသော စစ်ကောင်စီစစ်ကြောင်းအား ကိုယ်တိုင်ထုတ် ပဒေသာမိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိအခိုက်ရှိနိုင်ကြောင်း MSPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနှင့်အတူ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ်(၂)တပ်ရင်း၊ Bomb God Local PDF၊ မြို့မတိုက်နယ်ပကဖ(မြောင်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်ကလည်း စစ်သင်္ဘောများအား ကင်းယူပေးပြီး ပြန်လာသည့် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းအား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်မှုများရှိခဲ့သည်။