Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းမြို့နယ်ရှိ ပုဂံရွာကို စစ်တပ်စီးနင်းပြီး မော်တော်ယာဥ်များ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၃ ဇူလိုင်အထိ နေအိမ်ပေါင်း ၅၇,၅၀၃လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data For Myanmarက ထုတ်ပြန်ထားသည်။

(မီးရှို့ဖျက်ဆီးခံရသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ပုဂံကျေးရွာကို တွင် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး မော်တော်ယာဥ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂ ရက်နံနက်ပိုင်းက ပုဂံကျေးရွာမှ ဒေသခံများ၏ လိုက်ထရပ်ယာဥ်တစ်စီးနှင့် ဆိုင်ကယ်သုံးစီးအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များ)
(မီးရှို့ဖျက်ဆီးခံရသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် ညီနောင်များ)

“အိမ်တွေဆိုလည်း ပစ္စည်းတွေထုခွဲ ရိုက်နှက်ဖျက်ဆီးတာမျိုးတွေ လုပ်သွားတယ်။ နေအိမ်တွေကိုတော့ မီးရှို့တာမရှိဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် စက်တင်ဘာ ၃၀ ရက်နှင့် အောက်တိုဘာ ၂ ရက်က လက်တီးရွာနှင့် နဘဲလှကျေးရွာမှ အမျိုးသားနှစ်ဦးအား သတ်ဖြတ်သွားကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များ)
(မီးရှို့ဖျက်ဆီးခံရသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် ညီနောင်များ)

အဆိုပါ စစ်ကြောင်းသည် အောက်တိုဘာ ၃ရက်တွင် ဒီပဲယင်းမြို့သို့ ရောက်ရှိသွားကြောင်း သိရသည်။

Public Service Announcement