Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်သို့ဝင်လာသည့် စစ်ကောင်စီတပ်ကို ABSDF ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်မှုရှိ

စက်တင်ဘာ ၁၉ရက်ကလည်း အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးတွင် KIA/KPDF ပူးပေါင်းတပ်နှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု Indaw Revolutionက အသိပေးထားသည်။

(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Nothern ABSDF)
(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Nothern ABSDF)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း အင်းတော်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၄ရက် နံနက်ပိုင်းတွင် ဗန်းမောက် မြို့နယ်ဘက်မှ အင်းတော်မြို့နယ်သို့ ဝင်လာသည့် စစ်ကြောင်းကို သောင်ကြီးကျေးရွာအနီး၌ ABSDFက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့က အင်းတော်ဘက်ကို လာချင်တာပေါ့။ ဗန်းမောက်ထဲကထွက်လာတဲ့ စစ်ကြောင်း။ အဲဒါကို ABSDFက ကြားဖြတ်တိုက်ခိုက်တာ။ မိုင်း ၂လုံးဆွဲပြီးတော့ပစ်ခတ်တိုက်ခိုက်ကြတယ်ပြောတယ်။ အထိအခိုက်ကတော့ စကစဘက်က အထိအခိုက်များတယ်။သေဆုံးကတော့ အသေအချာကြီးတော့ အတည်မပြုနိုင်ဘူး ၈ယောက်လောက်တော့ ရှိမယ်လို့တော့ ကြားမိတယ်” ဟု အင်းတော်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ABSDFမှ တော်လှန်ရေးရဲဘော် လေးဦးလည်း မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု အသိပေးသည်။

အင်းတော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) နှင့် ABSDF တပ်များကစစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၉ရက်ကလည်း အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးတွင် KIA/KPDF ပူးပေါင်းတပ်နှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု Indaw Revolutionက အသိပေးထားသည်။