Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်း ရွာသာကြီးရွာစစ်ကောင်စီတပ်စခန်း သုံးရက်အတွင်း နှစ်ကြိမ် တိုက်ခိုက်ခံရ

ရွှေဘို - မန္တလေးလမ်းမကြီးပေါ်ရှိ ရွာသာကြီးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းပိုင်း ရွာသာကြီးကျေးရွာရှိ စစ်ကောင်စီတပ် စခန်းအား သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်း Local PDFအဖွဲ့၏ တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နှင့် ယမန်နေ့(အောက်တိုဘာ ၅ ရက်)က ရွာသာကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား လက်လုပ် (၆၀) မမ၊ (၁၂၀) မမ လက်နက်ကြီးများဖြင့် အလုံးရေ ၁၅ လုံး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်း Local PDFအဖွဲ့၏ တာဝန်ခံက ပြောသည်။

“ထိခိုက်မှု သတင်းကတော့ တိတ်နေတယ်။အခုကြားထဲ ငြိမ်နေတယ်။ ဒါပေသိ ရွာသာကြီး လမ်းလေးဆုံကနေ ရွှေဘို – မန္တလေး လမ်းပေါ်ဆိုပါတော့ ကား​တွေ၊ ဆိုင်ကယ် ဆပ်ကြေးကောက်တာက နေ့စဥ်။ မထင်ရင်မထင်သလိုတောင်းတာ။ အနည်းဆုံး ငါးထောင်။ ဒါ ပြည်သူတွေက ပြောပြတာတွေ။”ဟု ကြောင်လက်သည်း Local PDFအဖွဲ့၏ တာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုအား ကြောင်လက်သည်း Local PDF၊ မင်းသားကြီး Local PDF၊ Dynamite-2 Local PDF ၊ နန်းတက်မင်း Local PDFအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ရွာသာကြီးကျေးရွာတွင် စစ်ကောင်စီတပ် အင်အား ၇၀ခန့်ရှိပြီး ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်အတွင်းက ဆားတောင်မြို့ရှိ စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး ရွှေဘို-မန္တလေးလမ်းမကြီးတလျှောက်ရှိ ကျေးရွာများအား ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။