Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ကြီးအနီး ငလျင်ငယ် နှစ်ကြိမ်ဆက် လှုပ်

စက်တင်ဘာလ ၂၃ရက်ကလည်း ပဲခူးမြို့အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိမြေငလျင် လှုပ်ရှားခဲ့ရာ ရန်ကုန်မြို့အပါအဝင် အနီးဝန်းကျင်ရှိမြို့များ သိသိသာသာခံစားခဲ့ရသည်။

(တိုက်ကြီး မြို့နယ်နှင့် အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)
(တိုက်ကြီး မြို့နယ်နှင့် အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)

တိုက်ကြီးမြို့အနီး၌ ယနေ့ ည‌နေပိုင်း မိနစ်အနည်းငယ်အတွင်း အင်အားအနည်းငယ်ရှိ​သောငလျင် နှစ်ကြိမ်လှုပ်ခဲ့သည်။

ရစ်(ခ်)တာစကေး၃ဒဿမ၉ နှင့် ရစ်(ခ်)တာစကေး၃ဒဿမ၃ ရှိ​သောငလျင်သည် ယနေ့(​အောက်တိုဘာ ၁၃) ညနေ ၆ နာရီ ၄၁ မိနစ်နှင့် ၆နာရီ ၄၃ မိနစ်တွင် လှုပ်ရှားသွားသည်ဟု ထိုင်းအမျိုးသားဘူမိဗေဒဌာန(TMD) က ထုတ်ပြန်ထားသည်။ စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ရစ်(ခ်)တာစကေး၃ဒဿမ၉အဆင့်ဖြင့် လှုပ်ရှားခဲ့သည်ဟု ထုတ်ပြန်သည်။

ပြီးခဲ့သည့် နှစ်ရက် အောက်တိုဘာလ ၁၁ရက် နံနက်ကလည်း တိုက်ကြီးနှင့် အင်းတော်မြို့အနီး၌ ရစ်(ခ်)တာစကေး၄ဒဿမ၂ ရှိ​ သော​မြေငလျင် လှုပ်ခဲ့ရာ အင်းတော်၊ တိုက်ကြီး၊ လှည်းကူးမြို့အပြင် ရန်ကုန်မြို့၌လည်း ခံစားလိုက်ရသည်။

စက်တင်ဘာလ ၂၃ရက်ကလည်း ပဲခူးမြို့အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိမြေငလျင် လှုပ်ရှားခဲ့ရာ ရန်ကုန်မြို့အပါအဝင် အနီးဝန်းကျင်ရှိမြို့များ သိသိသာသာခံစားခဲ့ရသည်။