Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့မရဲစခန်းအား PDFများ တိုက်ခိုက်

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာခဲ့ပြီး စခန်းတွင်းထိ ဝင်ရောက်ရန် ကြိုးပမ်းသော်လည်း ခဲယမ်းမလုံလောက်၍ ပြန်ဆုတ်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဖျက်ဆီးနေ

မကွေးတိုင်း၊ ရေစကြိုမြို့မရဲစခန်းအားPDF နှစ်ဖွဲ့က ယမန်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၁၂ ရက်) ည ၈နာရီခွဲခန့်က ရေစကြိုမြို့မရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုနှင့် နွေဦးစစ်သည်ရေလယ်ကျွန်းစစ်ကြောင်းတို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာခဲ့ပြီး စခန်းတွင်းထိ ဝင်ရောက်ရန် ကြိုးပမ်းသော်လည်း ခဲယမ်းမလုံလောက်၍ ပြန်ဆုတ်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)
(ထွက်ပြေးတိမ်းရှောင်နေရသော ရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

“ရဲစခန်းထဲမှာရှိတဲ့ အဆောက်အဦးတော်တော်များများကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ လက်နက်ခဲယမ်းလုံလောက်ရင် စခန်းထဲပါဝင်လို့ရတယ်။ ပေနှစ်ဆယ်လောက်ရှိတဲ့ လမ်းလေးပဲခြားတာ။ စခန်းနဲ့ ဟိုဘက်ဒီဘက်ပဲ။”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်မှုရှိနိုင်ပြီး ရဲဘော်များ ပြန်ဆုတ်ချိန် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ရေစကြို(ပကဖ)သည် အောက်တိုဘာ ၁၀ ရက်ကလည်း မြို့မ​ရဲစခန်းမှ လာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)
(ထွက်ပြေးတိမ်းရှောင်နေရသော ရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

အလားတူ ယနေ့(အောက်တိုဘာ ၁၃ ရက်)နံနက်ပိုင်းတွင် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေ၍ ဒေသခံပြည်သူထောင်နှင့်ချီ မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရေလယ်ကျွန်းရှိ ဆင်တဲရွာ၊ ကြွယ်ကုန်းရွာမှ ဒေသခံများ၏ပစ္စည်းများကိုလည်း အဓမ္မသိမ်းယူသွားပြီး နွယ်နီရွာနှင့် ကျွဲကုန်းရွာအား မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။