Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လိုင်ဇာမြို့ အနီး နယ်စပ်ချောင်းအတွင်းအမျိုးသမီးတစ်ဦး မျောပါသေဆုံး

မုန်လိုင်ချောင်းသည် ရေတိမ်ချောင်းဖြစ်ကြောင်း၊ ရေစီးမကြမ်းသော်လည်း ယခုရက်ပိုင်း မိုးရွာသွန်းနေချိန် လူမျောပါသွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

(​ရေစီးဖြင့် ​​မျောပါ​သေဆုံးခဲ့​သောအမျိုးသမီးကျန်ရစ်ခဲ့​သော ပစ္စည်းအချို့ ။ဓါတ်ပုံ-CJ)
(​ရေစီးဖြင့် ​​မျောပါ​သေဆုံးခဲ့​သောအမျိုးသမီးကျန်ရစ်ခဲ့​သော ပစ္စည်းအချို့ ။ဓါတ်ပုံ-CJ)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မြန်မာ-တရုတ်နယ်စပ်ချောင်း၌ အမျိုးသမီးတစ်ဦး ရေစီးနှင့်‌ မျောပါသေဆုံးခဲ့သည်။

ဒေသအခေါ် မုန်လိုင်ချောင်းအတွင်း သေဆုံးနေသည့် အမျိုးသမီး ရုပ်အလောင်းတစ်ခုကို အောက်တိုဘာလ ၁၂ရက် နံနက် ၇ နာရီခန့်တွင်ဒေသခံများကတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ချောင်းကို ကူးရင်းမျောပါသွားတာလို့ ပြောကြတယ်။ ဘာဒဏ်ရာမှမရှိဘူး။ စစ်ဆေးပြီးနာရေးစီမံလိုက်ကြတယ်”ဟု လိုင်ဇာဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိပြီး ၎င်းလွယ်ထားသည့် အိတ်အတွင်းမှ တရုတ်ငွေယွမ် ၁၇၀၀၊ ဘုရားဆင်းတု အသေးတစ်ဆူ၊ ‌ကျောက်တစ်လုံးနှင့်တရုတ်ဖုန်းနံပါတ်နှစ်ခုရေးမှတ်ထားသည့် စာရွက်တစ်ရွက်တွေ့ရှိရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

မုန်လိုင်ချောင်းသည် ရေတိမ်ချောင်းဖြစ်ကြောင်း၊ ရေစီးမကြမ်းသော်လည်း ယခုရက်ပိုင်း မိုးရွာသွန်းနေချိန် လူမျောပါသွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement