Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခေါနူးစုမ်တောင်မှသစ်ခွများကိုရောင်းဝယ်ဖောက်ကားခြင်းမပြုရန် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တားမြစ်

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အတွင်းသစ်ပင်များခုတ်လှဲခြင်း၊ သစ်တောထွက် ပစ္စည်းများကို တရားမဝင် ရှာဖွေစုဆောင်းခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် ယခုကဲ့သို့တားမြစ်ရခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာ ၂၁ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)
(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)

ချင်းပြည်နယ်၊ တောင်ပိုင်း၊ ခေါနူးစုမ်အမျိုးသားဥယျာဉ်(နတ်မ​တောင်)တွင် သစ်ခွပန်းနှင့်ချိတ်များရှာဖွေစုဆောင်းခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းများကို တားမြစ်ကြောင်း ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အတွင်းသစ်ပင်များခုတ်လှဲခြင်း၊ သစ်တောထွက် ပစ္စည်းများကို တရားမဝင် ရှာဖွေစုဆောင်းခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် ယခုကဲ့သို့တားမြစ်ရခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာ ၂၁ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

တားမြစ်ချက်များကို ချိုးဖောက်မှုများတွေ့ရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဟုဆိုသည်။

(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)
(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)

“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထူးအလေးထားပြီး နယ်မြေကျူးကျော်မှုများနဲ့ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်မှုတွေကို တားဆီးနိုင်ရေးအတွက်ပါ” ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။

ခေါ်နူးစုမ်အပြင် အခြားသစ်တောများအတွင်းရှိသစ်ခွပန်းအမျိုးမျိုးနှင့်ချိတ်များကိုလည်း ရောင်းဝယ်ဖောက်ကားခြင်းကို တားမြစ်သည်ဟုလည်း မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကဆိုထားသည်။

Public Service Announcement

Public Service Announcement

(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)
(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)

သစ်ခွပန်းများကို ကန်ပက်လက်မြို့နယ်နှင့် နီးစပ်သည့် နေရာများမှ သစ်ခွမုတ်ဆိုးများက ရှာဖွေနေခြင်းဖြစ်သည်ဟု ကန်ပက်လက်မြို့ခံတစ်ဦးကပြောသည်။

ခေါ်နူးစုမ်အမျိုးသားဥယျဥ်ကို အာဆီယံအမွေအနှစ်ဥယျဉ်ဖြင့် ၂၀၁၂ ခုနှစ်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)
(ချင်း​တောင်မှ သစ်ခွပန်းများ၏သဘာဝအလှ။ ဓါတ်ပုံ-HKL Mindat)

ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ခေါနူးစုမ်အပါအဝင် ကျောက်စစ်ကြိုးဝိုင်း၊ စလင်းကြိုးဝိုင်း၊ မောချောင်းကြိုးဝိုင်း၊ ကြက်မောက်တောင်ကြိုးဝိုင်း၊ ရင်ကွဲတောင် ကြိုဝိုင်း၊ အေးချောင်းကြိုးပြင်ကာကွယ်တောစသည့် ကြိုးဝိုင်းများတွင် တောမီးရှို့ခြင်း၊ သစ်ထုတ်ခြင်းနှင့် တောင်ယာခုတ်ခြင်းတို့မပြုလုပ်ရန် ၂၀၂၃ မေ ၁ ရက်တွင်တားမြစ်ခဲ့သည်။