Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိုင်ကလုန်းမုန်တိုင်းဟမွန်း ဘဂ်လား​ဒေရှ်ကမ်းရိုးတန်းကိုဖြတ်သန်းတိုက်ခိုက်​နေ

အိန္ဒိယမိုးဇလ ခန့်မှန်းချက်အရ မုန်းတိုင်းဖြတ်သန်းမည့်လမ်း​ကြောင်းတွင် မြန်မာမပါဝင်​သော်လည်း မုန်းတိုင်းစက်ကွင်းအတွင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှ ​ဒေသအချို့ပါဝင်​နေသည်။

ဆိုင်ကလုန်းမုန်တိုင်းဟမွန်း ဘဂ်လား​ဒေရှ်ကမ်းရိုးတန်းကိုဖြတ်သန်းတိုက်ခိုက်​နေ
ဆိုင်ကလုန်းမုန်တိုင်းဟမွန်း ဘဂ်လား​ဒေရှ်ကမ်းရိုးတန်းကိုဖြတ်သန်းတိုက်ခိုက်​နေ

▪︎ရခိုင်၊ စစ်ကိုင်း၊ ချင်း၊ ကချင်ပြည်နယ်တို့တွင် မိုးနှင့်​လေပြင်းသတိထားရန်လို

ဆိုင်ကလုန်းမုန်တိုင်းဟမွန်း (HAMOON) သည် ယနေ့ အောက်တိုဘာလ ၂၅ရက် နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းကို ဖြတ်ကျော်နေပြီး ကုန်းတွင်းမုန်တိုင်းအဖြစ်ဖြတ်သန်း​နေစဉ် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်‌ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်၌ မိုးနှင့်လေပြင်းသတိပြုရန် အိန္ဒိယမိုးဇလ ကထုတ်ပြန်ထားသည်။

HAMOON သည် ယမန်နေ့ ​အောက်တိုဘာ ၂၄ ရက် က ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြစ်ခဲ့ပြီး ယနေ့နံနက်တွင် အားအနည်းငယ်လျော့ကျကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းကမ်းခြေကို ဖြတ်ကျော်နေသည်။ စစ်‌တကောင်းကမ်း‌ခြေကို ကျော်လွန်ပါကလေတိုက်နှုန်း တစ်နာရီလျှင် ၄၀မှ ၅၀ မိုင်ကြားဖြင့် ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများကို ကုန်းတွင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်နိုင်ကြောင်း

မုန်တိုင်းသတိပေးရေးစင်တာ JTWC က သတိပေးထားသည်။ ဟမွန်းဆိုင်ကလုန်းမုန်တိုင်းသည် ယခုနှစ်အတွင်း ဘဂ်လားပင်လယ်​အော်၌ ၆ ခု​မြောက်မုန်တိုင်းဖြစ်သည်။

အိန္ဒိယမိုးဇလ ခန့်မှန်းချက်အရ မုန်းတိုင်းဖြတ်သန်းမည့်လမ်း​ကြောင်းတွင် မြန်မာမပါဝင်​သော်လည်း မုန်းတိုင်းစက်ကွင်းအတွင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှ ​ဒေသအချို့ပါဝင်​နေသည်။

HAMOON အရှိန်ကြောင့် မိုးကြီးမည့်ဒေသများ၌ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင်မြန်မာနိုင်ငံလည်းပါဝင်နေသည်။

Public Service Announcement

Public Service Announcement

HAMOON သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့ကို ဖြတ်ကျေိာ်နိုင်ပြီး မီဇိုရမ်ပြည်နယ်တွင် ကုန်းတွင်းမုန်တိုင်းငယ်အနေဖြင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၊ ချင်း ပြည်နယ်နယ်စပ်ဒေသများတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအနေဖြင့် လည်းကောင်းအားလျော့သွားနိုင်သည်ဟု သိရသည်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင်မိုးသက် လေပြင်းများကျရောက်နိုင်ကြောင်းသတိပေးထားသည်။

အထက်ပါဒေသများ၌ ယနေ့ တနေ့လုံးအတိုင်းအတာအားဖြင့် မိုးနှင့်လေပြင်း သတိပြုရန် လိုအပ်‌နေသည်။

HAMOON အရှိန်ကြောင့် ယခုရက်ပိုင်းအတွင်း နိုင်ငံ့​ဒေသအချို့တွင်မိုးသည်းထန်စွာရွာသွန်းခဲ့သည်။