Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်နေ

ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက ” ဘေးကင်း လုံခြုံတဲ့ နေရာမှာပဲ နေကြပါ၊ ကြာအင်းဆိပ်ကြီးကို ဖြတ်သန်းသွားလာမယ့်သူများ ရပ်နားထားပါ” လို့ သူရဲ့ဖေ့ဘွတ်ခ်လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်နေ
ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထဲမှာ ဒီနေ့ နိုဝင်ဘာလ ၂ ရက်မနက်အစောပိုင်း. စစ်ကောင်စီ တပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေထံကသိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ပေါ်က ရဲစခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာမှာ ၂ ဖက် ထိတွေ့တိုက်ပွဲဖြစ်တာပါ။

“ရဲစခန်းကို လာတိုက်တယ်လို့ သိရတယ်။ တိုက်ပွဲအပြင်းအထန်ပဲ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

၂ ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ကျည်ကျလို့ လူနေ နေအိမ်အချို့ ပျက်စီးတာတွေရှိသလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက ” ဘေးကင်း လုံခြုံတဲ့ နေရာမှာပဲ နေကြပါ၊ ကြာအင်းဆိပ်ကြီးကို ဖြတ်သန်းသွားလာမယ့်သူများ ရပ်နားထားပါ” လို့ သူရဲ့ဖေ့ဘွတ်ခ်လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ကြာအင်းဆိပ်ကြီးမြို့နယ်ဟာ KNU တပ်မဟာ ၆ နယ်မြေမှာရှိပြီး မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်တဲ့ ဒေသဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီနဲ့ဇွန်လအတွင်း KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ကြာအင်းဆိပ်ကြီးမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာရှိပါတယ်။