Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောက်ဦး၌ ကင်းလှည့်နေသည့် ရဲအချို့ကိုဖမ်းဆီးထားဟု AA ပြော

ဖမ်းဆီးထားသည့် အကြောင်းအရင်းနှင့် ရခိုင်ဒေသ စစ်ရေးအခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

(မြောက်ဦးမြို့၌ ၂၀၂၃ မတ်လ ၂၇ရက်က တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ။ဓာတ်ပုံ - MOI)
(မြောက်ဦးမြို့၌ ၂၀၂၃ မတ်လ ၂၇ရက်က တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ။ဓာတ်ပုံ - MOI)

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ကင်းလှည့်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲအချို့ကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ရက္ခိုင်အခြေစိုက် DMG သတင်းဌာနက နိုဝင်ဘာ ၇ရက်မွန်းလွဲပိုင်းတွင် မြောက်ဦးရှိ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးခန့်ကို AAက ဖမ်းသွားကြောင်း သတင်းရင်းမြစ်တစ်ဦးကို ကိုးကားဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်၍ ဦးခိုင်သုခအားမေမြန်းရာ နိုဝင်ဘာ ၇ရက်တွင် မြောက်ဦးမြို့၌ အရပ်ဝတ်ဖြင့် အိမ်စီးကားအသုံးပြုလှည့်ပတ်သွားလာနေသည့် ရဲအချို့ကို AAက ယာယီထိန်းသိမ်းထားပြီး မေးမြန်းနေသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်ဟု ပြောပြသည်။

ဖမ်းဆီးထားသည့် အကြောင်းအရင်းနှင့် ရခိုင်ဒေသ စစ်ရေးအခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့က ရခိုင်ဒေသအခြေအနေနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ရာ စစ်ကောင်စီတပ်က AA အခြေစိုက်လှုပ်ရှားရာ ရက္ခိုင်ဒေသတွင် ‘၁၀၂၇ စစ်ဆင်ရေး’ကာလအတွင်း စစ်ရေးအင်အားဖြည့်တင်းခြင်းများ ပိုမိုပြုလုပ်လာနေသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီ စိုးမိုးရာ မြို့ကြီးများအချို့တွင် အရပ်ဘက်အဖွဲ့အစည်းများအား စစ်ဆေးမေးမြန်းခြင်းနှင့် လုံခြုံရေးတိုးမြှင့်ခြင်းများကို ပိုမိုလုပ်ဆောင်လာနေသည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။