Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝိုင်းမော်နှင့် မြစ်ကြီးနားတွင် ရွှေမင်းပြည်သူ့စစ်က အတင်းအဓမ္မစစ်သားစုဆောင်းနေ

နိုဝင်ဘာ ၂၁ရက်တွင် ဝိုင်းမော်နှင့်မြစ်ကြီးနား မန်ခရိန်ရပ်ကွက်များ၌ ရွှေမင်း လီဆူပြည်သူ့စစ်များက စစ်သားစုဆောင်းမှု အတင်းအဓမ္မပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

(စစ်ကောင်စီလက်အောက်ခံ ရွှေမင်းပြည်သူ့စစ်အဖွဲ့မှ တပ်သားများအား တွေ့ရစဥ်)
(စစ်ကောင်စီလက်အောက်ခံ ရွှေမင်းပြည်သူ့စစ်အဖွဲ့မှ တပ်သားများအား တွေ့ရစဥ်)

▪️ပြည်သူ့စစ်ပစ်ခတ်၍ ဒေသခံတစ်ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံရွှေမင်းပြည်သူ့စစ်အဖွဲ့က စစ်သားစုဆောင်းနေ၍ လီဆူလူငယ်များ ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိနေသည်ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာ ၂၁ရက်တွင် ဝိုင်းမော်နှင့်မြစ်ကြီးနား မန်ခရိန်ရပ်ကွက်များ၌ ရွှေမင်း လီဆူပြည်သူ့စစ်များက စစ်သားစုဆောင်းမှု အတင်းအဓမ္မပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ စုဆောင်းပစ် ပစ်ခတ်မှုပြုလုပ်၍ ဒေသခံအချို့ ဒဏ်ရာရခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“မနေ့ည ၇နာရီ မှာ ဝိုင်းမော်မြို့နယ် ဂျမ်ဂါရွာကို ရွှေမင်းပြည်သူ့စစ်အဖွဲ့က စစ်သားစုဆောင်းဝင်ရောက်ဖမ်းဆီးစဉ် ဦးဗျာ၀ူ အသက် ၄၇ နှစ်အား ပစ်ခတ်လို့ ပေါင်မှာ သေနတ်ကျည်ထိမှန်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။ အခု ဝိုင်းမော်နဲ့ မြစ်ကြီးနား မန်ခရိန်ရပ်ကွက်ရှိ လီဆူလူငယ်များ ထွက်ပြေးနေရပါတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ရွှေမင်းပြည်သူ့စစ်သည် စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းစစ်ရေးလှုပ်ရှားမှုများလည်း ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

လီဆူဒူးလေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း၏ ပြည်သူ့စစ်အဖွဲ့သည် လီဆူလူမျိုးတိုင်း စစ်မှုမထမ်းမနေရဟု ပြီးခဲ့သည့်​အောက်တိုဘာလကုန်ပိုင်းတွင် စာထုတ်ထားပြီး အကယ်၍ ဝင်ရောက်ခြင်းမပြုပါက အိမ်အထိ လာခေါ်မည်ဟုဖော်ပြထားသည်။

စစ်ကောင်စီ အလိုကျလိုက်ပါလုပ်ဆောင်နေသည့် ရွှေမင်းပြည်သူ့စစ်အဖွဲ့၏ လုပ်ရပ်ကို လီဆူလူငယ်များ ကိုယ်တိုင်က ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြသည့် လှုပ်ရှားမှုများ လူမှုကွန်ရက်မှတဆင့်ဆက်တိုက်ပြုလုပ်လာသည်။

“လီဆူလူမျိုးများအား အတင်းအဓမ္မ စစ်သားစုဆောင်းနေခြင်း ငွေညှစ်နေခြင်း စစ်မှုမထမ်းမနေရဆိုပြီး ကိုယ့်ဘာသာကိုယ် အမိန့်ထုတ်ပြန်နေခြင်းကိုချက်ချင်းရပ်ပါ။ လုံး၀ ကန့်ကွက်ပါတယ်။ ဒါဟာ လီဆူတစ်မျိုးသားလုံးကို သွေးခွဲသတ်ဖြတ်နေတာ ကြံစည်နေတာဖြစ်တယ်။ ဒါကို လုံး၀ ကန့်ကွက်တယ်”ဟု လီဆူလူငယ် အမျိုးသားတစ်ဦးက ရွှေမင်းပြည်သူ့စစ်လုပ်ရပ်ကို ကန့်ကွက်ကြောင်း လှုပ်ရှားမှုတွင် ပြောကြားခဲ့သည်။

လီဆူလူငယ် အမျိုးသမီးတစ်ဦးကလည်း “အတင်းအဓမ္မတစ်အိမ်တစ်ယောက် စစ်သားစုဆောင်းခြင်းကို လုံး၀ ကန့်ကွက်ပါသည်”ဟု ပြောသည်။

တစ်နိုင်ငံလုံးရှိ ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်နေချိန် ပြည်သူ့စစ်ဆိုပြီး အချင်းချင်း ပြန်တိုက်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူ့စစ်စုဆောင်းခြင်းသည် များစွာမှားယွင်းသည့် လုပ်ရပ်ဖြစ်ကြောင်း လီဆူလူငယ်တစ်ဦးက ပြောသည်။ အဆိုပါလုပ်ရပ်သည် စစ်ကောင်စီ ခေတ်အဆက်ဆက်လုပ်ဆောင်လာသည့် ဗျူဟာဖြစ်သည်ဟု ၎င်းက ဆိုသည်။

“လီဆူလူမျိုးအားလုံးအနေနဲ့ဒါကို ကွက်ကွက်ကွင်းကွင်း ပေါ့နော် ကိုယ်တွေကို လှည့်စားခြင်းခံနေရတဲ့ဟာကို သိမြင်ဖို့လိုတယ်။ကျနော့်အနေနဲ့မြင်တာကတော့ ဦးရွှေမင်းဟာ စစ်ကောင်စီရဲ့ လက်ပါးစေ စစ်ကောင်စီရဲ့ကြိုးဆွဲရာ နောက်ကို လိုက်ကနေတဲ့ ကရုပ်တစ်ခုလိုပဲ”ဟု လီဆူလူငယ်တစ်ဦးက ပြောသည်။