Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုင်းရွာစခန်းအင်အားလာဖြည့်သည့် စစ်ကားနှစ်စီးတိုက်ခိုက်ခံရ

တိုက်ခိုက်မှုကြောင့် စစ်ကားတစ်စီး မျက်​မြင်ပျက်စီးပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသည်ဟု တပ်တွင်းသတင်းပေးထံမှသိရကြောင်း ၎င်းက ဆိုသည်။

(နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF၏ ရဲဘော်များ နိုဝင်ဘာလဆန်းက မြောင်နယ် စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-NYSGF)
(နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF၏ ရဲဘော်များ နိုဝင်ဘာလဆန်းက မြောင်နယ် စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-NYSGF)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကိုင်းကျေးရွာရှိ စခန်းအား အင်အားလာဖြည့်သည့် စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း မြင်းခြံခရိုင်အမှတ် (၆)တပ်ရင်း တပ်ခွဲ(၁) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF၏ အဖွဲ့တာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၂၀ ရက် နံနက် ၈ နာရီ၄၅ မိနစ်ခန့်က မြင်းခြံမြို့နယ်၊ တလုပ်မြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများပါ ယာဥ်နှ်နှစ်းအား ကိုင်းကျေးရွာအနီးတွင် မိုင်းပဒေသာ ၁၀လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF၏ အဖွဲ့တာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကားတစ်စီး မျက်​မြင်ပျက်စီးပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသည်ဟု တပ်တွင်းသတင်းပေးထံမှသိရကြောင်း ၎င်းက ဆိုသည်။

သို့သော် ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“တလုပ်ကနေ ကိုင်းရွာကို အင်အားလာဖြည့်တင်းတာပါ။ ရှေ့အစီးဆွဲလိုက်တာ မိုင်းက။ ဆက်မောင်းလို့မရတော့လို့ ကား ထားခဲ့ပြီး အနီးရှိ ပျူရွာက ပျူတွေကိုဖုန်းဆက်ခေါ်ပြီး လာခေါ်ခိုင်းတာပါ”ဟု နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF၏ အဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင်အမှတ် (၆)တပ်ရင်း တပ်ခွဲ(၁) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF နှင့် မြင်းခြံခရိုင်အမှတ် (၂)တပ်ရင်း Taloke-PDF၊ MyinGyan MP-9၊ ရွှေဂျိုးဖြူ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကိုင်းရွာစခန်းသည် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက တိုက်ခိုက်ခံရပြီးနောက် ကိုင်းရွာအပါအဝင် အနီးနားရွာများ၌ စစ်ကောင်စီတပ်က အင်အားပြန်လည် ဖြည့်တင်းထားသော်လည်း ကျေးရွာ တစ်ရွာလျှင် ၁၀ဦးခန့်သာရှိကြောင်း ဒေသခံများက ပြောသည်။ ကိုင်းရွာ စစ်ကောင်စီတပ်စခန်းအား ဒေသတွင်းPDFများက စီးနင်းတိုက်ခိုက်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်သားတစ်ဦး၏ ဇနီးအား ဖမ်းဆီးထိန်းသိမ်းထားပြီး သေနတ်တစ်လက်အပါအဝင် ကျည်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းငါးလုံး သိမ်းဆည်းရရှိခဲ့သည်။