Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

AAနှင့်ဆက်နွယ်သည်ဆိုကာ ရခိုင်ဒေသခံ ၄၀၀ကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်

စစ်ကောင်စီသည် နိုဝင်ဘာ ၁၃ရက်က ရခိုင်ပြည်နယ်၌ AAက စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေချိန်၌ အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်းများပြုလုပ်နေသည်ဟု AA က သတိပေးသည်။

(ရခိုင်ပြည် မောင်တောမြို့အဝင်တနေရာတွင် စစ်ကောင်စီလက်ပါးစေရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ရခိုင်ပြည် မောင်တောမြို့အဝင်တနေရာတွင် စစ်ကောင်စီလက်ပါးစေရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မောင်တောမြို့ဒေသခံ ၁၄၆ဦးအပါအဝင် ရခိုင်တစ်ပြည်နယ်လုံးမှ ဒေသခံ ၄၀၀ဦးကို ရက္ခိုင့်တပ်တော်(AA) နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြန်သည်။

လူရာချီပါဝင်သော ဝရမ်းစာရင်းကို စစ်ကောင်စီက ယမန်နေ့(နိုဝင်လာ ၂၁ရက်)တွင် ထုတ်ပြန်ပြီး ၀ရမ်းပါ လူပုဂ္ဂိုလ်များ၏ ဓာတ်ပုံများကိုလည်း အများပြည်သူသွားလာရာနေရာများ၌ ချိတ်ဆွဲထားသည်ဟု သတင်းရရှိသည်။

” စုစုပေါင်း ၄၀၀။မောင်တောက ၁၄၆ ယောက်ပါတယ်။ ရှေ့နေတွေလည်းပါတယ်”ဟု AAနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် နိုဝင်ဘာ ၁၃ရက်က ရခိုင်ပြည်နယ်၌ AAက စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေချိန်၌ အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်းများပြုလုပ်နေသည်ဟု AA က သတိပေးသည်။

ယမန်နေ့ကကလည်း စစ်တွေမြို့မှဒေသခံ ခုနစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး နိုဝင်ဘာ ၁၄ရက်မှ ၂၁ရက်အတွင်း ကျောက်ဖြူနှင့် သံတွဲမြို့အပါအဝင် ရခိုင်ပြည်နယ်၌ အရပ်သား ၅၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်းသတင်းရရှိသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်ရန်နှင့် လက်နက်မချပါက တိုက်ခိုက်ချေမှုန်းသွားမည်ဟု AAက ထုတ်ပြန်ထားသည်။

” ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အမြဲတမ်းကာကွယ်ပေးလျက်ရှိပြီး ပြည်သူလူထုအားဒုက္ခရောက်ရန် ပြုလုပ်သော မည်သူ့ကိုမဆို တားဆီးတိုက်ဖျက်သွားမည်။ အာရက္ခပြည်သူလူထုများအား သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုလည်း မိမိတို့ ထုတ်ပြန်ထားသည့်အတိုင်း လက်စားချေ တုံ့ပြန်သွားမည်ဖြစ်သည်”ဟု AA က ယမန်‌နေ့က ထုတ်ပြန်ထားသည်။