သတင်း
မူဆယ်တွင် မူဆယ် ၁၀၅ မိုင် ရှိစစ်တပ်ဗျူဟာကုန်းကို AA ကတိုက်ခိုက်သိမ်းပိုက်ထားပြီး ပတ်ဝန်းကျင်မြို့များကိုလည်းညီနောင် မဟာမိတ်သုံးဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ထားသည်။
Hi, what are you looking for?
မူဆယ်တွင် မူဆယ် ၁၀၅ မိုင် ရှိစစ်တပ်ဗျူဟာကုန်းကို AA ကတိုက်ခိုက်သိမ်းပိုက်ထားပြီး ပတ်ဝန်းကျင်မြို့များကိုလည်းညီနောင် မဟာမိတ်သုံးဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ထားသည်။
ကိုးကန့် တုန်းရှမ်းဒေသ တာရှင်ကျိုင့်နှင့် တိုက်ကြာကျိုင့်နေရာကြားရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းအချို့ ရရှိခဲ့သည်ဟု အသိပေးသည်။
စစ်ဆင်ရေး ၂၉ရက်မြောက်နေ့ စစ်ရေးအခြေအနေများကို ယမန်နေ့ညပိုင်းက ထုတ်ပြန်စဉ် ထိုသို့ ထည့်သွင်း အသိပေးလိုက်ခြင်းဖြစ်သည်။
ကိုးကန့်ဒေသ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး MNDAA တာဝန်ရှိသူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ဒေသတွင်း ညီညွတ်သောညီနောင်မဟာမိတ်အဖွဲ့သည် ရှေ့ဆက်လုပ်ငန်းတာဝန်များကို ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီမှု ရရှိပြီးဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ် ကျဆုံးသည့်တိုင်အောင် တိုက်ခိုက်သွားမည်ဟု ဆိုသည်။