Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့အတွင်း မိုင်းရှင်းနေစဥ် ရဲဘော်တစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံး

မိုးဗြဲမြို့၌ စစ်ကောင်စီတပ်စွဲထားသည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား၂ ကျေးရွာဒေသများရှိ စခန်း (၈)ခုကို ကရင်နီပူးပေါင်းတပ်များက ‘၁၁၁၁ စစ်ဆင်ရေး’အတွင်း ကနဦး သိမ်းပိုက်ထားနိုင်သည်။

(မိုင်းရှင်းလင်းရေးလုပ်နေသော PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MBPDF)
(မိုင်းရှင်းလင်းရေးလုပ်နေသော PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MBPDF)

မိုးဗြဲမြို့အတွင်း ပြည်သူများပြန်လည်နေထိုင်သွားလာနိုင်ရန် မိုင်းရှင်းလင်းရေးလုပ်နေစဉ် ရဲဘော်တစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးရကြောင်း Mobye Local PDF က အသိပေးထုတ်ပြန်သည်။

“၂၁ ရက်နေ့က ဖြစ်တာ။ရဲဘော်တစ်ဦး ခြေထောက်တစ်ဖက် ပေးလိုက်ရတယ်။နောက်ရဲဘော် နှစ်ဦး ဒဏ် ရာရတယ်”ဟု Mobye Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိ ကရင်နီပြည်၏ ‘၁၁၁၁ စစ်ဆင်ရေး’တွင် ကရင်နီတပ်ပေါင်းစုများနှင့်အတူ ပါဝင်တိုက်ခိုက်​နေကြောင်းလည်း အသိပေးသည်။

မိုးဗြဲမြို့၌ စစ်ကောင်စီတပ်စွဲထားသည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား၂ ကျေးရွာဒေသများရှိ စခန်း (၈)ခုကို ကရင်နီပူးပေါင်းတပ်များက ‘၁၁၁၁ စစ်ဆင်ရေး’အတွင်း ကနဦး သိမ်းပိုက်ထားနိုင်သည်။

ထို့အတူ မိုးဗြဲမြို့၏ စစ်ရေးအရအရေးပါသော စက်တော်ရာတောင် စစ်ကောင်စီစခန်းကုန်းကိုလည်း နိုဝင်ဘာ ၁၅ ရက်က သိမ်းပိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော် မိုးဗြဲမြို့တွင် စစ်ကောင်စီအခြေစိုက် တပ်များကို သိမ်းပိုက်နိုင်ရန် ကရင်နီပူးပေါင်းတပ်က ကြိုးပမ်းနေဆဲ ဖြစ်သည်။

ထို့အပြင်မိုးဗြဲမြို့အတွင်း စစ်ကောင်စီထောင်ထားသည့် နင်းမိုင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူအချို့ရှိနေသောကြောင့် ဒေသခံများအနေဖြင့် နေအိမ်မျာသို့ မပြန်ကြသေးရန် ကရင်နီတပ်ပေါင်းစုက မေတ္တာရပ်ခံထားသည်။

နိုဝင်ဘာ ၁၈ ရက်ကလည်း မိုးဗြဲမြို့ ဒုန်းဒူထန့် ရပ်ကွက်မှ စစ်ရှောင်ပြည်သူတစ်ဦး နေအိမ်ရှိ စပါးပြန်သယ်စဥ် စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသည်။