Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUနယ်မြေများသို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ကိုရင်နှစ်ပါးနှင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရ

KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တွင်လည်း နိုဝင်ဘာ ၂၇ရက်က စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဘုန်းကြီးကျောင်း ထိမှန်ပြီး သာမဏေ(ကိုရင်) နှစ်ပါး ဒဏ်ရာရခဲ့သည်။

(စစ်ကောင်စီတပ် ပစ်ခတ်၍ ဒဏ်ရာရရှိသူအမျိုးသမီးအား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် ပစ်ခတ်၍ ဒဏ်ရာရရှိသူအမျိုးသမီးအား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မူး(မုန်း)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ၏ အုပ်ဖြတ်ရဲစခန်းက နိုဝင်ဘာ ၂၇ရက် ညနေပိုင်းတွင် ကြာအင်းကျေးရွာအတွင်းသို့ Rocket သုံးလုံး ပစ်ခတ်ခဲ့၍ ကျေးရွာအတွင်းနေထိုင်သည့် အသက် ၃၅နှစ်အရွယ်နှင့် အသက် ၄၆ နှစ်အရွယ် အမျိုးသမီး ၂ဦး ကျည်စထိမှန်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

KNU တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တွင်လည်း နိုဝင်ဘာ ၂၇ရက်က စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဘုန်းကြီးကျောင်း ထိမှန်ပြီး သာမဏေ(ကိုရင်) နှစ်ပါး ဒဏ်ရာရခဲ့သည်။

ကော့ကရိတ်မြို့နယ် လှိုင်၀အခြေစိုက်စစ်ကောင်စီအမြောက်တပ်က ကော့ကရိတ်မြို့နယ် အံဖလေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲကာ အသက် ၁၄နှစ်နှင့် အသက် ၁၆ နှစ်အရွယ်ရှိ ကိုရင် နှစ်ပါး ဒဏ်ရာရခဲ့သည်။

KNU နယ်မြေတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခြင်း လေကြောင်း တိုက်ခိုက်ခြင်းများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

Public Service Announcement

Public Service Announcement