Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းမြောက် တစ်လတာတိုက်ပွဲတွေအတွင်း အရပ်သား ၉၀ နီးပါးသေဆုံး

အရပ်သားသေဆုံးမှုဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတာ ၊ လက်နက်ကြီးထိမှန်တာ ၊ မြေမြှုပ်မိုင်းနဲ့ တိုက်ပွဲအတွင်း ပစ်ခတ်ခံရပြီး သေဆုံးရတာတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ - ရှမ်းမြောက် မူဆယ်မြို့နယ် ၊စယ်လန့်ရွာ နိုဝင်ဘာလ ၂၄ရက် မနက်အစောပိုင်းမှာ ဗုံးကြဲခံရစဉ်
ဓာတ်ပုံ - ရှမ်းမြောက် မူဆယ်မြို့နယ် ၊စယ်လန့်ရွာ နိုဝင်ဘာလ ၂၄ရက် မနက်အစောပိုင်းမှာ ဗုံးကြဲခံရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး တစ်လတာကာလအတွင်း ဒေသခံအရပ်သား ပြည်သူ ၉၀ နီးပါး သေဆုံးခဲ့ရတယ်လို့ အချက်အလက်ပြုစုထားတဲ့ Shan People အဖွဲ့က စာရင်းဖော်ပြပါတယ်။

မြို့နယ် ၁၂ မြို့နယ်ကအရပ်သား ၈၈ ဦးသေဆုံးခဲ့ရပြီး အသက်မပြည့်သေးတဲ့ ကလေးအရွယ် ၁၄ ဦးပါဝင်တယ်လို့သိရပါတယ်။

စာရင်းအရ လောက်ကိုင်မြို့မှာ ၂၀ ဦး ၊ မူဆယ် ၁၄ ဦး၊ လားရှိုး ၁၄ ဦး ၊ ကွတ်ခိုင် ၁၀ ဦး၊ သီပေါ ၁ ဦး ၊ ကျောက်မဲ ၂ ဦး ၊ကွမ်းလုံ ၂ ဦး ၊ဟိုပင် ၃ ဦး၊နမ့်ခမ်း ၅ ဦး ၊ နမ့်ဆန် ၄ ဦး ၊သိန္နီ ၈ ဦး ၊နောင်ချို မြို့မှာ ၅ ဦး သေဆုံးခဲ့ရတာပါ။

အရပ်သားသေဆုံးမှုဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတာ ၊ လက်နက်ကြီးထိမှန်တာ ၊ မြေမြှုပ်မိုင်းနဲ့ တိုက်ပွဲအတွင်း ပစ်ခတ်ခံရပြီး သေဆုံးရတာတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။

ဒါအပြင် လူထုရဲ့နေအိမ်ခြေတွေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦး ၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီစာရင်းဟာ သျှမ်းတက်ကြွလှုပ်ရှားသူလူငယ်တွေ ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ နဲ့ ကျောင်းသားတွေ စုစည်းထားတဲ့ သတင်းအချက်အလက်ဖြစ်ပြီး မြေပြင်မှာ ပိုများနိုင်တယ်လို့ Shan People အဖွဲ့ ကဆိုပါတယ်။