တိုက်ပွဲအတွင်း စစ်ရှောင်နေသည့် ပြည်သူ ၂,၀၀၀ကျော် နေရပ်ပြန်ရေး မြို့ကိုရှင်းလင်းနေဟု အသိပေး
ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)များ ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာမြို့သိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံများကို Chinland Information Center နှင့် CDF ဇိုတုန်တို့က ထုတ်ပြန်သည်။
ရေဇွာမြို့ရှိ စစ်တပ်စခန်းနှင့် ရဲစခန်းတို့ကို ချင်းအမျိုးသားတပ်မတော်(CAN) မှ ဦးဆောင်ကာ ZZLMS ညီနောင် ၅ ဖွဲ့ဖြစ်သော CDF-Zotung, CDF-Zophei, CDF-Lautu, CDF-Mara, CDF-Senthang တို့နှင့်အတူ CDF-Hakha, CDF-Matupi (Battalion 2), CDF-Thantlang, Asho CDF နှင့် CDF-Hualngoramတို့က တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၂၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/407304804_687605386771590_4491901017810336810_n.jpg?resize=880%2C587&ssl=1)
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/407473078_687605403438255_3187353813109914319_n.jpg?resize=880%2C587&ssl=1)
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/407441648_687605370104925_5231588783985849768_n.jpg?resize=880%2C587&ssl=1)
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/407250323_687605503438245_8000215820875971827_n.jpg?resize=880%2C587&ssl=1)
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/401439561_687605513438244_4597868326263440418_n.jpg?resize=880%2C587&ssl=1)
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/407257368_687605410104921_157778536091435524_n.jpg?resize=880%2C587&ssl=1)
အဆိုပါ မြို့သိမ်းတိုက်ပွဲကို Chinland Information Center(CIC)က မှတ်တမ်းဓာတ်ပုံများရိုက်ကူးဖော်ပြခဲ့ရာ ချင်းပူးပေါင်းတပ်ဖွဲ့ မြို့အတွင်းဝင်ရောက်စဉ် တိုက်ပွဲဖြစ်ပွားသည့်နေရာ စစ်တပ်စခန်းနှင့် ရဲစခန်းအား လေယာဉ်ဗုံးထိမှန်ပေါက်ကွဲစဉ်၊ လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ် မီးလောင်မှု၊ သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်းကို ချင်းတပ်တာဝန်ရှိသူက စစ်ဆေးနေမှု၊ တပ်စခန်းအား မီးရှို့ဖျက်ဆီးမှု၊ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ ၊ တိုက်ပွဲဝင် ချင်းတပ်တာဝန်ရှိသူနှင့် ရဲဘော်များ၊ဒဏ်ရာရစစ်ကောင်စီတပ်သား အချို့အား ဆေးဝါးကုသပေးနေမှု၊ တိုက်ပွဲ၌ အောင်ပွဲရသည့် ရဲဘော်များအား ပြည်သူများကကြိုဆိုနေမှု တို့ကို တွေ့ရသည်။
မြို့သိမ်းတိုက်ပွဲကို CNA၏ စစ်ဦးစီးချုပ် ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိခဲ့သည်။
CDF ဇိုတုန်က ဖော်ပြသည့် လက်နက်ခဲယမ်း မှတ်တမ်းဓာတ်ပုံများအရ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ အလက် ၄၀ကျော်နှင့် ခဲယမ်းကျည်များစွာကို တွေ့ရသည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/08/PSA_Inside-Story_Landmines.jpg?resize=880%2C446&ssl=1)
Public Service Announcement
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/407311745_687605543438241_6939810055141426616_n.jpg?resize=880%2C587&ssl=1)
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/407301068_687605340104928_7644359352295672341_n.jpg?resize=880%2C587&ssl=1)
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/407473078_687605396771589_3496226319635844219_n.jpg?resize=880%2C587&ssl=1)
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/407303826_687605530104909_6001364794797679569_n.jpg?resize=718%2C1080&ssl=1)
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/407285155_687605520104910_1574822471671823198_n.jpg?resize=791%2C1080&ssl=1)
စစ်ကောင်စီတပ်ကလည်း ၎င်းတို့ တပ်စခန်းများ မဆုံးရှုံးရေးလေကြောင်း ပစ်ကူအကြိမ်များစွာဖြင့် ခုခံခဲ့ရာ စစ်ကောင်စီ၏လေကြောင်း တိုက်ခိုက်မှုကြောင့် ရေဇွာမြိုရှိ လူနေအိမ် ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အသိပေးထားသည်။
တိုက်ပွဲကာလအတွင်း စစ်ဘေးရှောင်နေသည့် ပြည်သူ ၂,၀၀၀ ကျော်ရှိပြီး နေရပ်အမြန်ဆုံးပြန်လာနိုင်ရေး မြို့တွင်းကို ရှင်းလင်းရေး လုပ်ဆောင်နေသည်ဟု CDF ဇိုတုန်က ထုတ်ပြန်ထားသည်။
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/407350220_687605323438263_1900135470650101104_n.jpg?resize=880%2C587&ssl=1)
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/407280341_687605556771573_4257336975345431121_n.jpg?resize=880%2C587&ssl=1)
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/406397946_687605496771579_8346376198511804826_n.jpg?resize=880%2C587&ssl=1)
![(ရေဇွာမြို့သိမ်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းနှင့် အောင်ပွဲပြန်ရဲဘော်များအား ဒေသခံများက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - CIC)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/12/407442286_687605306771598_3819400783937949674_n.jpg?resize=880%2C587&ssl=1)
ပျက်စီးသွားသောနေအိမ်များ၊ အများပြည်သူနှင့် သက်ဆိုင်ရာအဆောက်အအုံများနှင့် စစ်ဘေးရှောင်များ ပြန်လည်နေရာချထားရေး အတွက် အကူအညီများစွာ လိုအပ်နေကြောင်းလည်း အသိပေးထားသည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)