Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်တွင် နိုဝင်ဘာတိုက်ပွဲများအတွင်း တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီ ၂၄ဦးသေ၊ KNLA ဘက်မှ ၁၁ဦးကျဆုံး

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အနှစ်ချုပ်ကို ယနေ့ (ဒီဇင်ဘာ ၃ရက်) ညပိုင်း၌ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။

(၂၀၁၂ ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသည့် (၆၃) နှစ်မြောက် ကရင်တော်လှန်ရေးနေ့အခမ်းအနား၌ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ဓာတ်ပုံ - ရိုက်တာ)
(၂၀၁၂ ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသည့် (၆၃) နှစ်မြောက် ကရင်တော်လှန်ရေးနေ့အခမ်းအနား၌ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ဓာတ်ပုံ - ရိုက်တာ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)နယ်မြေတွင် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၆၇ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး ရှိခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အနှစ်ချုပ်ကို ယနေ့ (ဒီဇင်ဘာ ၃ရက်) ညပိုင်း၌ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။

ဖာပွန်ခရိုင်အတွင်း နိုဝင်ဘာလ တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂၄ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးသူများတွင် တပ်ရင်းမှူးတစ်ဦးပါဝင်ပြီး ဒဏ်ရာရသူများတွင် တပ်ခွဲမှူး တစ်ဦး ပါရှိကြောင်း အသိပေးသည်။

အပြန်အလှန်တိုက်ခိုက်မှုအတွင်း KNLA တပ်မဟာ(၅) စစ်သည်တော် ၁၁ဦး ကျဆုံးပြီး ၅၀ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုကို အားထားပြီး တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဖာပွန်ခရိုင် လူသောမြို့နယ်၊ ဖဲထာကျေးရွာနှင့် အနီအနားရှိကျေးရွာများအတွင်းသို့ ဗုံးဆံ(၇)ကြိမ်တိတိ လာရောက်ကြဲချသကဲ့သို့ (၁၂၂)မမ ၊ (၁၂၀) မမနှင့် (၆၀)မမ စုစုပေါင်း ၇၄လုံးတိတိ ရွာအတွင်းသို့အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ပစ်ခတ်၍ ပြည်သူလူထုနေအိမ်ပျက်စီးမှု အိမ်မွေးတိရိစ္ဆာန်များ သေဆုံးမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။