Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သုဝဏ္ဏနယ်မြေရဲစခန်း ယနေ့ နံနက် ဗုံးခွဲတိုက်ခိုက်ခံရ

အဆိုပါတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျန်ထိခိုက်မှုအ​သေးစိပ်ကို မသိရ​သေး​ကြောင်း အ​နောက်ပိုင်းခရိုင်ပကဖ စစ်ဆင်​ရေးတာဝန်ခံက ဆိုသည်။

(၂၀၂၁ ဇွန်လပိုင်းက ရန်ကုန်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ − EPA)
(၂၀၂၁ ဇွန်လပိုင်းက ရန်ကုန်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ − EPA)

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏနယ်မြေရဲစခန်းကို ယနေ့ (ဒီဇင်ဘာ ၅) နံနက်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း အ​နောက်ပိုင်းခရိုင် ပကဖ စစ်ဆင်​ရေးတာဝန်ခံက ပြောသည်။

ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံ သု၀ဏ္ဏနယ်မြေစခန်းကို ရန်ကုန်အ​နောက်ပိုင်းခရိုင် ပကဖ နှင့် မြို့ပြ​တော်လှန်​ရေးမဟာမိတ်အဖွဲ့တစ်ခုတို့ ပူး​ပေါင်းပြီး ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းများဖြင့် ​ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“အထိအခိုက် နည်းခြင်း များခြင်းထက် ငါတို့မလုံခြုံ​တော့ဘူးဆိုတဲ့အသိကို စစ်​ကောင်စီအတွက် အလုပ်လုပ်​ပေး​နေသူ​တွေ​အ​နေနဲ့ ပြန်ခံစား​စေချင်လို့ မြို့ပြ​ပြောက်ကျားစစ်ဆင်​ရေးကို အကွက်ချ စီမံ​နေတာပါ”ဟု ရန်ကုန်ပကဖ ဒုတာဝန်ခံ (စစ်​ရေး) ကိုမင်းရန်နိုင်က ​ပြောသည်။

အဆိုပါတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျန်ထိခိုက်မှုအ​သေးစိပ်ကို မသိရ​သေး​ကြောင်း အ​နောက်ပိုင်းခရိုင်ပကဖ စစ်ဆင်​ရေးတာဝန်ခံက ဆိုသည်။

သုဝဏ္ဏမြို့နယ်နေ ပြည်သူတစ်ဦးက”မနက်က ဗုံးပေါက်သံတစ်ချက်တော့ ကြားလိုက်ရတယ်။ နေရာသေချာတော့ မသိသေးဘူး။ သံသုမာလမ်းအတိုင်း သွားဆေးဘက်ကနေ သုဝဏ္ဏရဲစခန်းဘက်ကို စစ်ကားနဲ့ မော်တော်ပီကယ်ဆိုင်ကယ်တွေ အမြန်မောင်းသွားတာတော့ တွေ့လိုက်တယ်” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ပေါက်ကွဲမှု ဖြစ်ပြီးနောက် သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်တံတားအနီး လမ်းမကြီးကို စစ်ကားများ ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

“မနက်က ကမာကြည်တံတားနားမှာ စစ်ကားတွေ ပိတ်ပြီး စစ်နေတာ တွေခဲ့တယ်။ ရဲစခန်းနားမှာဆို အကုန်ပိတ်ထားတာ လမ်းသွားတဲ့လူတွေတောင် အဲ့ဘက်နားကို ပေးမဖြတ်ဘူး။ ရုံးချိန်ကြီးဆိုတော့ ကားတွေလည်း အဲ့ဘက်မှာ အရမ်းပိတ်နေတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးက ဆိုသည်။