Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်ချောင်းတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ယာဥ်တန်းတိုက်ခိုက်ခံရ

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုကို ထားဝယ်လူငယ်လက်ရုံးတပ်နှင့် ထားဝယ်နဂါးတပ် ခွဲ(၂)တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ပူး ပေါင်းအဖွဲ့မှ ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

(ထားဝယ်လူငယ်လက်ရုံးတပ်မှ ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - ထားဝယ်လူငယ်လက်ရုံးတပ်)
(ထားဝယ်လူငယ်လက်ရုံးတပ်မှ ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - ထားဝယ်လူငယ်လက်ရုံးတပ်)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ယာဥ်တန်းကို မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထားဝယ်လူငယ်လက်ရုံးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သရက်ချောင်းဘက်မှ ထားဝယ်မြို့နယ်ဘက်သို့ အိမ်စီးကားသုံးစီးဖြင့် မောင်းနှင်လာသော စစ်ကောင်စီတပ်သားများကို သရက်ချောင်းနယ် ရန်တောင်ရွာနှင့် ညောင်ဇင်ကျေးရွာအကြား၌ ဒီဇင်ဘာ ၅ ရက် ည ၈ နာရီကျော်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ထားဝယ်နဂါးတပ်ခွဲ(၂)မှ ထုတ်လုပ်ထားသော မိုင်းသုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ၎င်းယာဥ်တန်း၏ နောက်ဆုံးကားဖြစ်သော ပရိုဘောက် ကားနောက်ပိုင်းမှာ မိုင်းထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်”ဟု ထားဝယ်လူငယ်လက်ရုံးတပ်က အသိပေးသည်။

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုကို ထားဝယ်လူငယ်လက်ရုံးတပ်နှင့် ထားဝယ်နဂါးတပ် ခွဲ(၂)တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ပူး ပေါင်းအဖွဲ့မှ ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

ထားဝယ်လူငယ်လက်ရုံးတပ်မှ စစ်ကောင်စီတပ်အား တိုက်ခိုက်လျှက်ရှိရာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်ကလည်း မဟာမိတ်ညီနောင်များနှင့်ပူးပေါင်းပြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ စစ်ကောင်စီလက် အောက် ခံ ကျောက်မဲတောင်နယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement