Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်းမြို့တိုက်ပွဲ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်များစွာပျက်စီး

မုန်းမြို့ရှိ စစ်ကောင်စီတပ် ခမရ(၅၉၉)၊ ခမရ(၅၉၀)နှင့် မုန်းရဲစခန်းအပါအဝင် နေရာ လေးခုကို KNU လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များက ဒီဇင်ဘာ ၂ရက် ညပိုင်းတွင် တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၄ရက်တွင် စခန်းအားလုံးသိမ်းနိုင်ခဲ့သည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးမှုများနှင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

▪️ပြည်သူ သောင်းချီစစ်ရှောင်ရ၊ လတ်တလောစာရင်းများအရ စစ်ရှောင် ခုနစ်သောင်းနီးပါးရှိပြီး အရေးပေါ် အကူအညီလိုအပ်နေဟု အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့ပေါ် တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီ လေတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းနှင့် မသက်ဆိုင်သော အရပ်သားပြည်သူလူထုများနေထိုင်ရာ နေရာများ အား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မုန်းမြို့ရှိ စစ်ကောင်စီတပ် ခမရ(၅၉၉)၊ ခမရ(၅၉၀)နှင့် မုန်းရဲစခန်းအပါအဝင် နေရာ လေးခုကို KNU လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များက ဒီဇင်ဘာ ၂ရက် ညပိုင်းတွင် တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၄ရက်တွင် စခန်းအားလုံးသိမ်းနိုင်ခဲ့သည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးမှုများနှင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးမှုများနှင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

တိုက်ပွဲများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရပ်သားပြည်သူလူထုအားပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မုန်းမြို့ပေါ် ရပ်ကွက်များနှင့် အနီးအနားရှိကျေးရွာပေါင်း (၉၅)ရွာမှ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

ကောက်ယူရရှိသည့် စာရင်းများအရ ကျေးရွာ ပေါင်း ၈၅ရွာမှ ပြည်သူလူထုပေါင်း ၆၈,၀၀၀ ကျော်ရှိနေပြီဖြစ်သည်ဟုလည်း ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးမှုများနှင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးမှုများနှင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

မုန်းမြို့ပေါ်အတွင်း နယ်မြေတည်ငြိမ်မှုမရှိသေးသည့်အတွက် ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများထိခိုက်ပျက်စီးမှု၊ ပြည်သူလူထိခိုက်သေဆုံးရမှု နှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ လူထု၏ အချက်အလက်များကို အတိအကျကောက်ယူရရှိရန် ကြန့်ကြာလျှက်ရှိကြောင်း၊ စစ်ရှောင်ပြည်သူများအား KNUက တက်အားသရွေ့ကူညီပေးနေသော်လည်း တနေ့ထက်တနေ့ များပြားလာသော စစ်ဘေးရှောင် ပြည်သူလူထုများအားလုံးအတွက် လုပ်ဆောင်ပေးနိုင်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင် ပြည်သူလူထုများအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်သည် စာနပ်ရိက္ခာ၊ နေရာထိုင်ခင်းအတွက် အမိုးအကာများ၊ စောင် နှင့် ဆေးဝါးတို့အားအရေးပေါ် လိုအပ်လျှက်ရှိကြောင်းလည်း ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးမှုများနှင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးမှုများနှင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

အရေးပေါ်လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီများအား ကူညီလုပ်ဆောင်ပေးလိုသူများ အနေဖြင့် မူးမြို့နယ်ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၊ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များ ဆိုင်ရာကော်မတီ (C.I.D.K.P)နှင့် ကေအဲန်ယူ−သတင်းနှင့်ပြန်ကြားရေး (ဗဟို) သို့ ဆက်သွယ်မေး မြန်းနိုင်သည်ဟုလည်း ဖော်ပြထားသည်။