Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတရားဖမ်းဆီးခံထားရသော ဒေါက်တာခလမ်ဆန်ဆွန် ကျန်းမာရေးအပေါ် စိုးရိမ်ဟု KBC ပြော

ဒေါက်တာ ခလမ်ဆန်ဆွန်ကို တရားရုံးက အပြီးသတ် တရားစီရင်ချိန် ပုဒ်မ ၃ခုဖြင့် ထောင်ဒဏ် ၆နှစ်ချခံရ၍ ပြည်နယ်တရားရုံး၌ အယူခံဝင်ခဲ့ရာ ၂၀၂၃ အောက်တိုဘာလ အတွင်းက ပယ်ချခံရ၍ ပြည်ထောင်စုတရားရုံးချုပ်အထိ အယူခံဆက်တင်ရန် ရှိကြောင်း သိရသည်။

မတရားဖမ်းဆီးခံထားရသော ဒေါက်တာခလမ်ဆန်ဆွန် ကျန်းမာရေးအပေါ် စိုးရိမ်ဟု KBC ပြော
မတရားဖမ်းဆီးခံထားရသော ဒေါက်တာခလမ်ဆန်ဆွန် ကျန်းမာရေးအပေါ် စိုးရိမ်ဟု KBC ပြော

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွန်၏ ကျန်းမာရေးအခြေအနေအပေါ် စိုးရိမ်စိတ်ပူကြောင်းနှင့် အမြန်ဆုံးပြန်လွှတ်ပေးရန် လိုလားကြောင်း KBC တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေါက်တာခလမ်ဆန်ဆွန်ကို ၂၀၂၂ ဒီဇင်ဘာ ၅ရက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသို့ ဆေးကုသရန် လေကြောင်းခရီးမှ သွားရောက်စဉ် မန္တလေး လေဆိပ်၌ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)အပါအဝင် ပုဒ်မ ၃ခုဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၆နှစ်ချမှတ်ထားခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် ဒေါက်တာခလမ်ဆန်ဆွန်၏ ကျန်းမာရေးအခြေအနေအပေါ် စိတ်ပူကြောင်း KBC တာဝန်ရှိသူက ယနေ့ ပြောကြားသည်။

“ကျနော်တို့ကတော့ အမြန်လွတ်စေချင်တာပေါ့။ ကျန်းမာရေးကလည်း ခါတိုင်းနဲ့လည်း မတူဘူးပေါ့ အဲဒီလိုမျိုး အသံတွေ ကြားနေတော့ စိတ်ပူတဲ့သဘောရှိတယ်။ အဲဒါ အမြန်တော့ လွတ်စေချင်တယ်” ဟု KBC တာဝန်ရှိသူက ပြောသည်။

ဒေါက်တာခလမ်ဆန်ဆွန်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် KBCက ယခင်ကတည်းက စစ်ကောင်စီထံ စာပို့တောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

“သူတို့ အခုအချိန်ထိလည်း ဘာမှလည်း လွတ်ငြိမ်းချမ်းသာခွင့်မပေးသေးဘူး”ဟု KBC တာဝန်ရှိသူက ပြောသည်။

ဒေါက်တာ ခလမ်ဆန်ဆွန်ကို တရားရုံးက အပြီးသတ် တရားစီရင်ချိန် ပုဒ်မ ၃ခုဖြင့် ထောင်ဒဏ် ၆နှစ်ချခံရ၍ ပြည်နယ်တရားရုံး၌ အယူခံဝင်ခဲ့ရာ ၂၀၂၃ အောက်တိုဘာလ အတွင်းက ပယ်ချခံရ၍ ပြည်ထောင်စုတရားရုံးချုပ်အထိ အယူခံဆက်တင်ရန် ရှိကြောင်း သိရသည်။

ဒေါက်တာခလမ်ဆန်ဆွန်ကို ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ (၅၂)တို့ဖြင့် မတရား ဖမ်းဆီး အရေးယူထားခြင်းဖြစ်သည်။