Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးတွင် ရဲတပ်သားတစ်ဦးသည်သေနတ် ၂လက်နှင့်ခဲယမ်းများယူ ဆောင်လာပြီး အလင်းဝင်

စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီလက်အောက်ခံ Non CDM များ အလင်းဝင်ရန် တိုက်တွန်းချက်များ ဆက်တိုက်ထုတ်ပြန်နေသည်။

(အလင်းဝင် လာ​သော စစ်​ကောင်စီ ရဲ ယူ​ဆောင်လာ​သော ​သေနက်နှင့် ခဲ ယမ်းများ ။ဓါတ်ပုံ-သမန်းကျား)
(အလင်းဝင် လာ​သော စစ်​ကောင်စီ ရဲ ယူ​ဆောင်လာ​သော ​သေနက်နှင့် ခဲ ယမ်းများ ။ဓါတ်ပုံ-သမန်းကျား)

ဆားလင်းကြီးမြို့နယ်တွင် ရဲတပ်သားတစ်ဦးသည် သေနတ်နှစ် လက်၊ကျည်ဆံနှင့်ခဲယမ်းအများအပြားယူ ဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံအလင်းဝင်လာသည်။

ဆားလင်းကြီးမြို့မရဲစခန်းမှရဲတပ်သား ဝေလျှံကျော်သည် ဆားလင်းကြီးမြို့နယ် သမန်းကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဒီဇင်ဘာလ ၆ ရက်တွင် အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။

“သမန်းကျားအဖွဲ့ဘက်ကို ချိတ်ဆက်ဝင်လာတာ။သေနတ် နှစ်လက်တောင်ပါတယ်” ဟု ဆာလင်းကြီးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အလင်းဝင်ရဲတပ်သားသည် G3 သေနတ် တစ်လက်၊MA 4 တစ်လက်၊ ကျည်ဘောက် ခြောက်ခု၊ ကျည်ဆံ ၇၀၀ ကျော်၊ ၄၀ မမ ဗုံးသီးအပါအဝင် ဗုံးလေးလုံးလည်း ယူဆောင်လာကြောင်းသတင်းရရှိသည်။

ထနုအပြင် ကနီမြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချအလင်းဝင်လာကြောင်း ကနဦးသတင်းရရှိထားသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီလက်အောက်ခံ Non CDM များ အလင်းဝင်ရန် တိုက်တွန်းချက်များ ဆက်တိုက်ထုတ်ပြန်နေသည်။