Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုတက္ကသိုလ်နှင့် ကညနရုံးရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

ရွှေဘိုတက္ကသိုလ်နှင့် ကညနရုံးတို့ရှိ စစ်ကောင်စီတပ်သားများသည် ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှု မကြာခဏ ခံရလေ့ရှိသည်။

ရွှေဘိုတက္ကသိုလ်ဝင်ပေါက်အား တွေ့ရစဥ်။ ဓာတ်ပုံ - Cj
ရွှေဘိုတက္ကသိုလ်ဝင်ပေါက်အား တွေ့ရစဥ်။ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ရွှေဘိုတက္ကသိုလ်နှင့် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး(ကညန)၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအားတိုက်ခိုက်ခဲ့ကြောင်း စိုင်နိုင် တိုက်နယ် ပကဖ(သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၆ ရက် ည ၉ နာရီခန့်က ရွှေဘိုတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ စစ်ကောင်စီတပ်၏ ဘန်ကာအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ပြီးနောက် မိနစ်၂၀မိနစ်ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)၏ တာဝန်ခံက ပြောသည်။

ထို့အပြင် ည ၁၀ နာရီခွဲခန့်ကလည်း စစ်ကောင်စီတပ်စွဲရာ ရွှေဘိုမြို့ ကညနရုံးအား လက်နက်ငယ်များဖြင့် ၁၅မိနစ်ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်မံအသိပေးသည်။

“သူတို့ကလည်း ပြန်ပစ်တယ်။ စက်လက်နဲ့ပါပစ်တာ။ ရဲဘော်တွေ အထိအခိုက်တော့မရှိဘူး။ စကစဘက်က လေးဦး ရွှေဘိုဆေးရုံကြီးမှာ ဆေးကုခံနေတယ်။ သုံးဦးက အပေါ်ယံရှပ်ထိတာ။ အားလုံး ခုနစ်ဦးထိခိုက်ဒဏ်ရာရတယ်။”ဟု သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)၏ တာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများကို စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)ပ.က.ဖနှင့်

Public Service Announcement

Public Service Announcement

တာနောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ညီနောင်နှစ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရွှေဘိုတက္ကသိုလ်နှင့် ကညနရုံးတို့ရှိ စစ်ကောင်စီတပ်သားများသည် ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှု မကြာခဏ ခံရလေ့ရှိသည်။