Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်တွင် စစ်ကောင်စီနှင့် ရှမ်းနီတပ်စွဲထားသော အဓိက စခန်းကို PDFတိုက်ခိုက်သိမ်းပိုက်

ဗန်းမောက်မြို့နယ်အတွင်းရှိ ပင်ဟင်းခါးရွာမှ အဆိုပါ စခန်းကို ဗန်းမောက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး ရဲဘော်များက ယခု ဒီဇင်ဘာလ ပထမလပတ်အတွင်းတိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်​ကြောင်း PDF အချို့က​ပြောသည်။

(စစ်သင်​တန်းတက်​ရောက်​နေ​သော PDF များ။ ဓါတ်ပုံ-BR)
(စစ်သင်​တန်းတက်​ရောက်​နေ​သော PDF များ။ ဓါတ်ပုံ-BR)

ဗန်းမောက်-ပင်လည်ဘူး ထိစပ်ဒေသမှ စစ်ကောင်စီနှင့် ရှမ်းနီအဖွဲ့(SNA)တပ်စွဲထားသော အဓိက စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ဗန်းမောက်မြို့နယ်အတွင်းရှိ ပင်ဟင်းခါးရွာမှ အဆိုပါ စခန်းကို ဗန်းမောက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး ရဲဘော်များက ယခု ဒီဇင်ဘာလ ပထမလပတ်အတွင်းတိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်​ကြောင်း PDF အချို့က​ပြောသည်။

” အရမ်းတောင် မတိုက်လိုက်ရဘူး။ အကုန်ထွက်ပြေးတာ။ ခြင်းကျားတွေလည်း တွေ့တယ်။ ရွှေဖီဦးလက်ဖက်ရည်ထုပ်တွေလည်း ကျန်ခဲ့တယ်။ ပြန်ခံမတိုက်ဘဲ ပြေးကြတာ” ဟု ဗန်းမောက်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ပင်ဟင်းခါးရွာသည် ပင်လည်ဘူးနှင့် ဟုမ္မလင်းမြို့သို့ သွားသည့်အဓိက လမ်းပိုင်း၌ ရှိနေပြီး စစ်ကောင်စီနှင့် ရှမ်းနီအဖွဲ့(SNA)တပ်ဖွဲ့ဝင် ၂၀ ခန့်က ခြောက်လခန့်ကြာ တပ်စွဲထားသည့်နေရာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှသတင်းရရှိသည်။

” ဒီစခန်းကို ရလိုက်တာ ဗျူဟာကျတဲ့ အဓိကစခန်းကိုရလိုက်သလိုပဲ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်လကလည်း ဗန်းမောက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် တပ်မ ၄၄ ‌လက်အောက်ခံ၊ ခလရ ၈ စစ်ကောင်စီစစ်ကြောင်းကိုကသာခရိုင်တပ်ရင်း(၄) လက်အောက်ခံ ဗန်းမောက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး ရဲဘော်များကတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရှစ်ဦးထက်မနည်းသေဆုံးပြီး ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ခဲ့သည်။