Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လူကြီးနဲ့ လူငယ် လက်တွေ့ပူးပေါင်းလုပ်ဆောင်ကြဖို့ KNU ဒုစစ်ဦးစီးချုပ်တိုက်တွန်း

လူငယ်နဲ့ လူကြီးတွေ ကျရာကဏ္ဍကနေ ပူပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် ၂ နှစ် ၊ ၃နှစ်အတွင်း ပန်တိုင်းကိုရောက်ရှိနိုင်မယ်လို့ KNU ဒုစစ်ဦးစီးချုပ်က ဆိုပါတယ်။

ပုံ- KNU ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲ
ပုံ- KNU ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲ

ကရင်တစ်မျိုးသားလုံးမျှော်မှန်းထားတဲ့ လွတ်လပ်တဲ့ကရင့်နိုင်ငံအတွက် လူကြီး နဲ့ လူငယ် တိုင်ပင်ညှိနှိုင်းပူးပေါင်းလုပ်ဆောင်ကြဖို့ KNU ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောလိုက်ပါတယ်။

ဖားအံခရိုင်မှာ ဒီဇင်ဘာလ ၁ ရက်အထိ ၃ ရက်ကြာကျင်းပခဲ့တဲ့ ကရင်လူငယ်တွေ့ဆုံပွဲမှာ ပြောသွားတာလို့သိရပါတယ်။

KNU ဒုစစ်ဦးစီးချုပ်ရဲ့ ကရင်လို ပြောကြားချက်ကို ကရင်လူငယ်အစည်းအရုံး-KYO(ဗဟို)က ဒီနေ့မှာ ပြန်လည်ဖော်ပြလာတာပါ။

လူငယ်နဲ့ လူကြီးတွေ ကျရာကဏ္ဍကနေ ပူပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် ၂ နှစ် ၊ ၃နှစ်အတွင်း ပန်တိုင်းကိုရောက်ရှိနိုင်မယ်လို့ KNU ဒုစစ်ဦးစီးချုပ်က ဆိုပါတယ်။

ဒါကြောင့် လက်တွေ့လုပ်ဆောင်ကြဖို့ကိုလည်း KNU ဒုစစ်ဦစီးချုပ်က တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဌာနချုပ် မှာပြုလုပ်ခဲ့တဲ့ ကရင်လူငယ်တွေ့ဆုံပွဲကို အနယ်နယ်အရပ်ရပ်က ကရင်လူငယ်တွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

အဲဒီတွေ့ဆုံပွဲဟာ ကရင်အမျိုးသားရေးနဲ့နိုင်ငံရေးကိစ္စရပ်တွေကို ပြန်လည်ဆန်းစစ်ဖို့ ၊ ကရင်လူငယ်တွေ စုဖွဲ့မှုနဲ့ရှေ့ဆက်သွားမယ့် အမျိုးသားရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ ၊ ကရင် အမျိုးသားရေးနဲ့ နိုင်ငံရေး ကဏ္ဍတွေမှာ ကရင်လူငယ်တွေ ပူးပေါင်းပါဝင်မှုအားကောင်းလာစေဖို့ကျင်းပတာလို့သိရပါတယ်။