Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေး-သိုင်းငင်းလမ်းကို တော်လှန်ရေးအဖွဲ့များက ပြန်ဖွင့်လှစ်ပေးသော်လည်းစစ်တပ်ကသွားခွင့်မပြု

စစ်ကောင်စီတပ်သားအနေဖြင့် ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းပြီး တိုက်ပွဲမခင်အချိန်ထိ ပြည်သူရင်ခွင်ခိုလှုံခွင့်ပြုထားဟု လည်း၎င်းကဆက်​ပြောသည်။

(က​လေး-သိုင်းငင်းလမ်းပိုင်းတစ်​နေရာ။ဓါတ်ပုံ-Taingen)
(က​လေး-သိုင်းငင်းလမ်းပိုင်းတစ်​နေရာ။ဓါတ်ပုံ-Taingen)

▪︎စစ်​ကောင်စီ၏ ခိုင်ကမ်းရဲစခန်းကို​တော်လှန်​ရေးအဖွဲ့များတိုက်​တော့မည်ဖြစ်၍ ပြည်သူများ​​ဘေးလွတ်ရာ​ရှောင်ရန် CDF-CDM (စီးယင်း)​​ပြော

ကလေးမြို့မှ ချင်းတောင်ကို တက်သည့် ကလေး-သိုင်းငင်းလမ်းကို​တော်လှန်​ရေးအဖွဲ့များက ပြန်ဖွင့်​ပေးလိုက်​သော်လည်း စစ်ကောင်စီက အသုံးပြုခွင့်မပေးကြောင်း ဒေသခံများကပြောသည်။

အဆိုပါလမ်းကိုချင်းကာကွယ်ရေးတပ်များက နှစ်လကြာပိတ်ထားပြီးနောက် ဇန်နဝါရီ ၂၂ ရက်တွင် ပြန်လည်ဖွင့်လှစ်အသုံးပြုခွင့်ပေးခဲ့သည်။သို့သော်လည်း စစ်ကောင်စီက ချင်းတောင်ပေါ်တက်သည့် လမ်းကို ဆက်လက်ပိတ်ထားဆဲဖြစ်သည်ဟု ဒေသခံများကပြောသည်။

“သိုင်းငင်းလမ်းမှာ စကစတပ်တွေမရှိတော့ပါဘူး။ သိုင်းငင်းစခန်းက အသက်ရှင်လျက်ထွက်ပြေးတဲ့ နှစ်ယောက်တော့ ကိုးမိုင်ရဲစခန်းရောက်သွားပါတယ်”CDF-CDM (စီးယင်း)ပြောရေးဆိုခွင့်ရှိသူ ကိုလျန်ဘွဲ့ကပြောသည်။

ကလေးမြို့မှ ချင်းတောင်ပေါ်တက်မည့်သူများကို စစ်ကောင်စီတပ် ကိုးမိုင်ဂိတ်မှစ၍ တားဆီး​နေခြင်းဖြစ်သည်ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ကိုးမိုင်စခန်းကို တိုက်မယ်လို့ ကာကွယ်ရေးတပ်တွေက သတိပေးထားတော့ သူတို့ကသတင်းပေါက်မှာကြောက်ပြီး ပြည်သူတွေကို သွားခွင့်မပေးထားတာပါ”ဟု ၎င်းကဆက်​ပြောသည်။

ကလေးမြို့နှင့်ချင်းတောင်ကြားရှိ ခိုင်ကမ်းရဲစခန်းကို ချင်းတော်လှန်ရေးတပ်များက မကြာခင်တိုက်ခိုက်တော့မည်ဖြစ်၍ ဒေသခံများကို ဘေးလွတ်ရာရွှေ့ထားကြရန် CDF-CDM (စီးယင်း)မှ ပြောရေးဆိုခွင့်ရှိသူ ကိုလျန်ဘွဲ့ကပြောသည်။

“ဘယ်ချိန်နောက်ဆုံးဆိုတာ သတ်မှတ်ထားတာတော့ မရှိဘူး။ တိုက်ဖို့ ကြာတော့ မကြာလောက်ဘူးလို့ပဲ ပြောလို့ရပါမယ်”ဟု ကိုလျန်ဘွဲ့က People’s Spring သို့ပြောသည်။

စစ်ကောင်စီတပ်သားအနေဖြင့် ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းပြီး တိုက်ပွဲမခင်အချိန်ထိ ပြည်သူရင်ခွင်ခိုလှုံခွင့်ပြုထားဟု လည်း၎င်းကဆက်​ပြောသည်။

ကလေး-သိုင်းငင်းလမ်းသည် ကလေးမြို့မှ တီးတိန်မြို့နှင့် ဖလမ်းမြို့တို့ကို ဆက်သွယ်သည့် အဓိကလမ်းမကြီးဖြစ်သည်။ထိုလမ်းမပေါ်ရှိသိုင်းငင်းစစ်ကောင်စီစခန်းကို ဇန်နဝါရီ ၁၆ ရက်တွင် ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။