Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်ခေါင်းနှင့် ပေါင်းတည်တွင် စစ်ကောင်စီတပ်ဂိတ်စခန်းနှင့် စစ်ကြောင်းကို PDF တိုက်ခိုက်

ချင်းလည်ငါးဘတ်ကုန်း စစ်ကောင်ဂိတ်စခန်းကို ဇန်နဝါရီ ၂၂ ရက် နံနက် ၄ နာရီခန့်တွင် တပ်ရင်း ၃၆၀၁(PPDF)၊ တပ်ခွဲ(၂) ဧရာညီနှောင်စစ်ကြောင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၂)ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၂)ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ခရိုင်ချင်းဆက်လမ်းပေါ်ရှိ ချင်းလည်ငါးဘတ်ကုန်းစစ်ကောင်ဂိတ်စခန်းနှင့် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ချင်းလည်ငါးဘတ်ကုန်း စစ်ကောင်ဂိတ်စခန်းကို ဇန်နဝါရီ ၂၂ ရက် နံနက် ၄ နာရီခန့်တွင် တပ်ရင်း ၃၆၀၁(PPDF)၊ တပ်ခွဲ(၂) ဧရာညီနှောင်စစ်ကြောင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ သုံးဦးသေဆုံးပြီး သုံးဥဦးအပြင်းအထန်ဒဏ်ရာရကာ သေဆုံးသူများနှင့် ဒဏ်ရာရသူများက်ို ပေါက်ခေါင်းဘက်မှဆိုင်ကယ်နှစ်စီး၊ ကားတစ်စီးဖြင့် ပေါက်ခေါင်းဘက်သို့ ပြန်လည်သယ်ဆောင်သွားကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး၊ လက်ငယ်ဖြင့်ပြန် လည်ပစ်ခတ်ခဲ့သော်လည်း ဧရာညီနောင်စစ်ကြောင်းမှရဲဘော် များ အထိအခိုက်အန္တရာယ်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

အလားတူ တပ်ရင်း ၃၆၀၁(PPDF) စနိုက်ပါအဖွဲ့မှ ယင်းနေ့(ဇန်နဝါရီ ၂၂) နံနက် ၉ နာရီခွဲခန့်တွင် ပေါင်းတည်မြို့နယ် ဂွေးတောက်ကွင်းရွာမှထွက်လာသော စစ်ကောင်စီတပ် အင်အား(၅၀)ပါစစ်ကြောင်းက်ို ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးဒဏ်ရာရသွားသဖြင့် ထမ်းစဥ်ဖြင့်ထမ်း၍ လက်ပံခုန်ကျေးရွာဘက်သို့ သယ်ဆောင်သွားခဲ့ရသည်။

Public Service Announcement

Public Service Announcement

သို့သော် ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

ဇန်နဝါရီ ၁၆ ရက်ကလည်း ပေါင်းတည်နယ်၊ တောင်ခမောက်ရွာနှင့် ကိုင်းကွင်းကျေးရွာကြားသို့ရောက်ရှိလာသော စစ်ကောင်စီတပ် စစ်ကြောင်းကို တပ်ရင်း(၃၆၀၁)မှ တစ်ရက်တည်း ငါးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။