Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထယ်​ဘွေးစခန်းရိက္ခာပို့​သောစစ်ကားတန်းကိုမတူပီ-ပလက်ဝလမ်းတွင် ၅၂ ယောက်ရှင်းလင်းပြီးဟုCDF-မတူပီ​ပြော

မတ်လ (၂၀)ရက်နေ့တွင် မတူပီမြို့ မှ ထယ်ဘွေးစခန်းသို့ ရိက္ခာဖြည့် လာသောစုစု​ပေါင်းအင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ်ယာဉ်တန်းကို မတ်လ ၂၀ရက်မှစ၍ ချင်းကာကွယ်​ရေးတပ်များကဆက်တိုက်တိုက်ခိုက်​နေသည်။

(စစ်တပ်ကားတန်း တိုက်ခိုက်ခံရပြီးကားလမ်း​ပေါ်မြင်ကွင်း။ဓါတ်ပုံ-CDFမတူပီ)
(စစ်တပ်ကားတန်း တိုက်ခိုက်ခံရပြီးကားလမ်း​ပေါ်မြင်ကွင်း။ဓါတ်ပုံ-CDFမတူပီ)

▪︎စစ်သားအလောင်းများနှင့် ထောက်ပို့ကားတစ်စီး မိုင်းမိ၍ ချောက်ထဲကျနေသည့် ရုပ်သံမှတ်တမ်းထုတ်ပြန်

ချင်းပြည်နယ် မတူပီ-ပလက်၀လမ်းရှိထယ်ဘွေးတပ်စခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ယာဉ် ၃စီးပါ ယာဉ်တန်းကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၂ ဦးကိုရှင်းလင်းနိုင်ခဲ့ကြောင်းမတူပီချင်းကာကွယ်ရေးတပ်(CDF)မှတာဝန်ရှိသူက​ပြောသည်။

“စကစတပ်သား ၅၂ ယောက်ကို သတ်နိုင်ခဲ့ပါတယ်။ ကားတစ်စီးကိုလည်းရှင်းပစ်နိုင်ပါတယ်”ဟု CDF-မတူပီ တာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။

မတ်လ (၂၀)ရက်နေ့တွင် မတူပီမြို့ မှ ထယ်ဘွေးစခန်းသို့ ရိက္ခာဖြည့် လာသောစုစု​ပေါင်းအင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ်ယာဉ်တန်းကို မတ်လ ၂၀ရက်မှစ၍ ချင်းကာကွယ်​ရေးတပ်များကဆက်တိုက်တိုက်ခိုက်​နေသည်။

မတ်လ ၂၇ ရက် မွန်းလွဲပိုင်းတွင် မတူပီ – ပလက်၀လမ်း မိုင်တိုင် (၂၁) ၌ ညနေစာချက်စားနေကြစဉ် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးထပ်မံသေဆုံးကာ အများအပြားဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်ထားသည်။

မတ်လ ၂၉ရက်တွင်လည်း မိုင်တိုင် ၂၂ ၌ မိုင်းဆွဲတိုက်ခိုက်ရာ ထောက်ပို့ ၁၂ဘီးယာဉ် ချောက်ထဲ ပြုတ်ကျခဲ့ရာ မတူပီ CDF မှ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းနှင့်အတူအသိ​ပေးသည်။ မတူပီ CDF၏ ချုံခိုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီ အလောင်းများ မြေမြှုပ်ထားသည့် ရုပ်သံကိုလည်း ဖော်ပြခဲ့သည်။ ယင်ကောင်များပျံနေသည့် အသံကို ကြားရပြီး အလောင်းအပုပ်နံ့ကြောင့် CDF ရဲဘော်အချို့ ပျို့အန်နေသည့် မြင်ကွင်းကိုလည်း တွေ့ရသည်။ ယခင်ကလည်း CDF ရဲဘော်များ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် လမ်းမပေါ် သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦး၏ အလောင်းပုံများကိုလည်း ဝေဟင်မှ ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းဖော်ပြဖူးသည်။

ထုတ်ပြန်ချက်တွင် ချုံခိုတိုက်ခိုက်သည့် ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြရာ လက်နက်ငယ် လက်နက်ကြီး ပစ်ခတ်သံများ ကြားရပြီး CDF ရဲဘော်အချို့က ကြည်ကုန်နေကြောင်း ပြောဆိုသံကို ကြားရသည်။

(စစ်တပ်ကားတန်း တိုက်ခိုက်ခံရပြီးကားလမ်း​ပေါ်မြင်ကွင်း။ဓါတ်ပုံ-CDFမတူပီ)
(စစ်တပ်ကားတန်း တိုက်ခိုက်ခံရပြီးကားလမ်း​ပေါ်မြင်ကွင်း။ဓါတ်ပုံ-CDFမတူပီ)

ထို့ပြင် CDF ရဲဘော်များက “ဟိုးမှာ မင်းအောင်လှိုင်ရဲ့ ခွေးတွေ” ၊ “ ဟိုဘက်ကနေ ဝိုက်ချလေ၊ အပေါ်ကနေဝိုင်း” ဟု ပြောဆိုပြီး တိုက်ပွဲဝင်နေသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်ကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့် မြင်ကွင်းကိုလည်း ဖော်ပြသည်။စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာဒေသရှိ ကလားရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် ရုပ်သံကိုလည်း ဖော်ပြသကဲ့သို့ ထောက်ပို့ကား မိုင်းမိပြီး လမ်းဘေးထိုးကျနေသည်ကိုလည်းမြင်​တွေ့ရသည်။

တိုက်ပွဲဝင် CDF ရဲဘော်များ ဟင်းမပါဘဲ စားသောက်နေရသည့် မြင်ကွင်းကိုလည်း ရုပ်သံ၌ တွေ့ရသည်။

မတ်လ ၂၉ရက် မိုင်းဆွဲတိုက်ခိုက်သည့် ဖြစ်စဉ်တွင် စစ်ကောင်စီ ထောက်ပို့ ၁၂ဘီးယာဉ် ပျက်စီးသည့်အပြင် စစ်ကောင်စီတပ်မှ ၅ဦး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင်မတ် ၂၉ ရက်​နေ့ ညနေပိုင်း၌ ကလားရွာ၌ ထိတွေ့တိုက်ပွဲတစ်ကြိမ်၊ ကလားရွာအဝင်၌ မိုင်းဆွဲတိုက်ခိုက်မှု တစ်ကြိမ်ထပ်မံ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးသူ ၁၃ဦး ထိရှိပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု ထုတ်ပြန်သည်။

အလားတူ မတ်လ ၃၁ရက် နံနက်၌ ကလားရွာ၌ တိုက်ပွဲဆက်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ ဦးထပ်မံသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။ထို​ကြောင့်စစ်ကောင်စီတပ်က ကလားရွာသစ်အောက်ရွာမှ လူနေအိမ် (၅) လုံးနှင့် ကလားအပေါ်ရွာ မှ လူနေအိမ် (၄) လုံး စုစုပေါင်း လူနေအိမ် (၉) လုံးအားမီးရှို့ဖျက်ဆီး ခဲ့သည်။

ထို​ကြောင့် ​နောက်ဆုံး ၅ ရက်အတွင်းမှာပင် ၃၀ ​ကျော်​သေဆုံးခြင်းဖြစ်သည်။

(စစ်တပ်ကားတန်း တိုက်ခိုက်ခံရပြီးကားလမ်း​ပေါ်မြင်ကွင်း။ဓါတ်ပုံ-CDFမတူပီ)
(စစ်တပ်ကားတန်း တိုက်ခိုက်ခံရပြီးကားလမ်း​ပေါ်မြင်ကွင်း။ဓါတ်ပုံ-CDFမတူပီ)

“စကစဘက်က အထိအနာ အသေ များနေတော့ လေယာဥ်တွေ အသုံးပြုသွားနိုင်တာမို လုံခြုံတဲ့နေရာမှာဘဲ ဆက်လက်ရှောင်ပေးကြပါ။ အခုစစ်ရှောင်တဲ့သူတွေက တစ်လ ရှိသွားပြီဆိုတော့ တောထဲမှာ အိမ်မရှိ တည်းမရှိ တချိုလူတွေဆိုရင် စားစရာတောင် မရှိကြတော့ဘူး သူတိုအတွက် အကူအညီး အထောက်အပံ့မှု ဆက်လက် ပါဝင်ပေးကြပါလိုတောင်းဆိုချင်တယ်။” ဟုမထက်ပါတာဝန်ရှိသူကပြောသည်။

ယခုယာဉ်တန်းကို အပျက်ချေမှုန်းဟန့်တားတိုက်ခိုက်လို၍ လက်နက်ခဲယမ်းဝယ်ယူနိုင်ရေး ပံ့ပိုးပေးကြရန်လည်းCDF မတူပီကတိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သည်၏ ရိက္ခာပို့ယာဉ် ၃စီးသည် မူလက အင်အား ၈၀ ခန့်ဖြင့် ထွက်ခွာလာရာ လမ်းခရီး၌ အကြိမ်ကြိမ်တိုက်ခိုက်ခံရ၍ ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်တင်းမှု ပြုလုပ်ဆောင်ခဲ့သည်။ ဒဏ်ရာရသူများကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားသည်ဟု မတူပီ CDFက မတ်လ ၂၃ရက်တွင် ထုတ်ပြန်ထားသည်။