Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုးကန့်ဒေသဦးစီးဥက္ကဋ္ဌဟောင်းအပါအဝင်ကျားဖြန့်​ခေါင်း​ဆောင် ၁၀ ကို အ‌ထူးလေယာဉ်ဖြင့်တရုတ်လာဖမ်းသွား

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

တရုတ်က ဖမ်းဝရမ်းထုတ်ထားသော အွန်လိုင်းရာဇဝဝတ်မှုတရားခံ ကျားဖြန့်ခေါင်းဆောင်များကိုစစ်‌ကောင်စီကလွှဲပေးလိုက်ပြီဖြစ်ပြီး နေပြည်တော်လေဆိပ်၌ လာရောက်ခေါ်ဆောင်သွားရှိသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း၊ပြည်ခိုင်ဖြိုးအမတ်​​ဟောင်း ၊ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဦးပယ်ဆောက်ချိန်၊သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်သူ‌ဌေး ဖူလီလိုက်လုပ်ငန်းစုဥက္ကဌဦးလျိုအားပေါက်နှင့်ကိုးကန့် အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ အပါအဝင် ဆယ်ဦးကို တရုတ်ရဲတပ်ဖွဲ့က အထူးလေယာဉ်ဖြင့် ယမန်နေ့( ဇန်နဝါရီလ ၃၀ရက်) ညအစောပိုင်း၌ လာရောက်ခေါ်ဆောင်သွားခြင်းဟု နေပြည်တော်သတင်းမြစ်ကပြောသည်။

ကိုးကန့်ဒေသဦးစီးဥက္ကဋ္ဌဟောင်းအပါအဝင်ကျားဖြန့်​ခေါင်း​ဆောင် ၁၀ ကို အ‌ထူးလေယာဉ်ဖြင့်တရုတ်လာဖမ်းသွား
ကိုးကန့်ဒေသဦးစီးဥက္ကဋ္ဌဟောင်းအပါအဝင်ကျားဖြန့်​ခေါင်း​ဆောင် ၁၀ ကို အ‌ထူးလေယာဉ်ဖြင့်တရုတ်လာဖမ်းသွား

“အပေါ်အဆင့်တွေ ကျတော် မသိဘူး။ အထူးလေယာဉ်နဲ့ လာခေါ်သွားတာပါ။ လေယာဉ်ပေါ် မခေါ်ခင် နည်းပညာနဲ့ စစ်ဆေးသေးတယ်” ဟု၎င်းကပြောသည်။

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

ကိုးကန့်ဒေသဦးစီးဥက္ကဋ္ဌဟောင်းအပါအဝင်ကျားဖြန့်​ခေါင်း​ဆောင် ၁၀ ကို အ‌ထူးလေယာဉ်ဖြင့်တရုတ်လာဖမ်းသွား
ကိုးကန့်ဒေသဦးစီးဥက္ကဋ္ဌဟောင်းအပါအဝင်ကျားဖြန့်​ခေါင်း​ဆောင် ၁၀ ကို အ‌ထူးလေယာဉ်ဖြင့်တရုတ်လာဖမ်းသွား

တရုတ်အလိုရှိနေသော ကျားဖြန့်ခေါင်းဆောင်ပိုင်းများကို စစ်ကောင်စီက ဆက်လက်အကာအကွယ်ပေးထားကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကဇန်နဝါရီလ ၂၈ရက်နေ့ညတွင် ထုတ်ပြန်ပြီးနောက် သုံးရက်မြောက်နေ့တွင် စစ်ကောင်စီကလွှဲအပ်လိုက်ခြင်းလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement