Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအား စစ်ရေး၊ နိုင်ငံရေး ဖိအားပေးပြီးစစ်အာဏာသိမ်းမှုကို ဖယ်ရှားမည်ဟု NUGနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ပူးတွဲကြေညာ

တော်လှန်ရေးအဖွဲ့များ၏ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အသိပေးထားရာ စစ်ကောင်စီ/မြန်မာစစ်တပ်အား စစ်ရေး၊ နိုင်ငံရေး (ပြည်တွင်း၊ ပြည်ပ)ဖိအားပေးခြင်း ပြုလုပ်သွားမည်ဟု ဖော်ပြသည်။

စစ်ကောင်စီအား စစ်ရေး၊ နိုင်ငံရေး ဖိအားပေးပြီးစစ်အာဏာသိမ်းမှုကို ဖယ်ရှားမည်ဟု NUGနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ပူးတွဲကြေညာ
စစ်ကောင်စီအား စစ်ရေး၊ နိုင်ငံရေး ဖိအားပေးပြီးစစ်အာဏာသိမ်းမှုကို ဖယ်ရှားမည်ဟု NUGနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ပူးတွဲကြေညာ

◾️စစ်တပ် နိုင်ငံရေး၌ ပါဝင်ခြင်းအဆုံးသတ်ရန် အပါအဝင် ဦးတည်ချက် ၆ရပ်အား စစ်ကောင်စီ လက်ခံပါက အေးချမ်းတည်ငြိမ်စွာအာဏာလွှဲပြောင်းခြင်းများအတွက် ဆွေးနွေးမည်ဟု အသိပေး

◾️ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ(T-NUG) နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများ ဖွဲ့စည်း ဆောင်ရွက်မည်ဟု ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသည့် အဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်ကို စစ်တပ်အာဏားသိမ်းမှု ၃နှစ်ပြည့်ရန် တစ်ရက်အလို ယနေ့ ဇန်နဝါရီ ၃၁ရက်တွင် ထုတ်ပြန်ကြေညာသည်။

ကြေညာချက်ထုတ်ပြန်သည့် အဖွဲ့အစည်း အမည်နှင့် အရေအတွက် အတိအကျ ဖော်ပြမထားသော်လည်း ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ NUG တို့ ပါဝင်ကြောင်း ကြေညာချက်နှင့်ပတ်သက်ပြီး ဆက်သွယ်ရန် ဖော်ပြထားသည့် ပြောဆိုခွင့်ရှိသူများ၏အဖွဲ့အစည်းအမည်ဖော်ပြချက်အရ သိရသည်။

စစ်ကောင်စီအား စစ်ရေး၊ နိုင်ငံရေး ဖိအားပေးပြီးစစ်အာဏာသိမ်းမှုကို ဖယ်ရှားမည်ဟု NUGနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ပူးတွဲကြေညာ
စစ်ကောင်စီအား စစ်ရေး၊ နိုင်ငံရေး ဖိအားပေးပြီးစစ်အာဏာသိမ်းမှုကို ဖယ်ရှားမည်ဟု NUGနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ပူးတွဲကြေညာ

ယခုထုတ်ပြန်ချက်တွင် တော်လှန်ရေးအဖွဲ့များ၏ မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း ဖော်ပြထားရာ ပြည်ထောင်စုအတွင်း နေထိုင်ကြသည့် စုံလင်ကွဲပြားသော လူမျိုးများ၏ သရုပ်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အ၀ရှိသော ပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် မျှော်မှန်းကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဦးချက်ချက် ၆ရပ်ကို ဖော်ပြခဲ့ရာ စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလလုံးကို ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သား အစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အ၀ ထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်ရန်၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ် နှင့် ဒီမိုကရေစီ စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်၊ ပဋိပက အတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးလုပ်ငန်းစဉ် ဖော်ဆောင်ရန် အချက်များ ပါရှိသည်။

စစ်ကောင်စီအား စစ်ရေး၊ နိုင်ငံရေး ဖိအားပေးပြီးစစ်အာဏာသိမ်းမှုကို ဖယ်ရှားမည်ဟု NUGနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ပူးတွဲကြေညာ
စစ်ကောင်စီအား စစ်ရေး၊ နိုင်ငံရေး ဖိအားပေးပြီးစစ်အာဏာသိမ်းမှုကို ဖယ်ရှားမည်ဟု NUGနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ပူးတွဲကြေညာ

တော်လှန်ရေးအဖွဲ့များ၏ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အသိပေးထားရာ စစ်ကောင်စီ/မြန်မာစစ်တပ်အား စစ်ရေး၊ နိုင်ငံရေး (ပြည်တွင်း၊ ပြည်ပ)ဖိအားပေးခြင်း ပြုလုပ်သွားမည်ဟု ဖော်ပြသည်။

မြန်မာစစ်တပ်တာဝန်ရှိသူများ အနေဖြင့် နိုင်ငံရေး ဦးတည်ချက် ၆ရပ်အား လက်ခံလာလျင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက်ဆွေးနွေးခြင်း ပြုလုပ်မည်ဟု ထုတ်ပြန်သည်။

စစ်အာဏာသိမ်းမှု အဆုံးသတ်၍ စစ်ကောင်စီ သို့မဟုတ် မြန်မာစစ်တပ် ကျောထောက်နောက်ခံ အုပ်ချုပ်ရေးအဖွဲ့အား အပြီးသတ်ဖယ်ရှားပြီးနောက် ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ(T-NUG) နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများ ဖွဲ့စည်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပြန်လည်တည်ဆောက်ခြင်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေးသည်။

ထိုသို့ ပြုလုပ်ရာ၌ အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ ပါဝင်၍ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲပြဌာန်းခြင်း၊ တော်လှန်ရေးအလွန်တွင် တော်လှန်ရေး အင်အားစုများမှ ပါဝင်သင့်သူများ ပါဝင်၍ စုပေါင်းခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ T-NUG ကို ဖွဲ့စည်းခြင်း ၊ ဖက်ဒရယ်ယူနစ်အစိုးရများကို သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်အလိုက် လွတ်လပ်စွာ ဖွဲ့စည်းခြင်း ပြုလုပ်မည်ဟုဆိုသည်။

စစ်ကောင်စီအား စစ်ရေး၊ နိုင်ငံရေး ဖိအားပေးပြီးစစ်အာဏာသိမ်းမှုကို ဖယ်ရှားမည်ဟု NUGနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ပူးတွဲကြေညာ
စစ်ကောင်စီအား စစ်ရေး၊ နိုင်ငံရေး ဖိအားပေးပြီးစစ်အာဏာသိမ်းမှုကို ဖယ်ရှားမည်ဟု NUGနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ပူးတွဲကြေညာ

သက်ဆိုင်သူများအားလုံး ပါဝင်သော နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးချမှတ်မည်ဟုလည်း လုပ်ငန်းစဉ်ကို ဖော်ပြသည်။

ထိုသို့ ဆွေးနွေးရာ၌ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ နယ်နိမိတ် ပိုင်းခြားသတ်မှတ်ရေးကိစ္စကို အသွင်ကူးပြောင်းရေးကာလ ရောက်ရှိသည့်အခါ အဓိက သက်ဆိုင်သူအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက်ခြင်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေးသည်။

ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဌာန်းခြင်း ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက်အကောင်အထည်ဖော်ခြင်း စသဖြင့် လုပ်ငန်းစဉ် အဆင့်ဆင့်ရှိသည်ဟု ဖော်ပြသည်။

တော်လှန်ရေးအဖွဲ့များ၏ ဘုံရပ်တပ်ချက်များကို ဖော်ပြရာ မြန်မာစစ်တပ်၏ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းမှုသည် တရားမဝင်ကြောင်း ကြေညာပြီး အာဏာသိမ်းမှုကို အကြွင်းမဲ့ဆန့်ကျင်ရှုတ်ချကြောင်း၊ အာဏာသိမ်းမှုသည် မြန်မာစစ်တပ်ကိုယ်တိုင် တဖက်သတ် ရေးဆွဲပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့ခြင်းဖြစ်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တရားမဝင်တော့ကြောင်း ထုတ်ပြန်သည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ရှိ နိုင်ငံရေး စနစ်ကို အကောင်အထည်ဖော်ရန်မဟုတ်ဘဲ တော်လှန်ရေး အောင်မြင်ရေးနှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှုအတွက် အသုံးချရန်ဖြစ်ကြောင်းအသိပေးသည်။

ထိုသို့ အသုံးချခြင်းသည် စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားရေးနှင့် စနစ်ပြောင်းနိုင်ရေး တည်ဆောက်မှုအတွက် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်နေကြသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့အား ပြည်သူလူထု၏ မဲပေးရွေးချယ်မှု အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တော်လှန်ရေးအလွန်ကာလ နိုင်ငံရေး ဦးဆောင်မှုသည် အာဏာရှင်စနစ် တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေး အစုအဖွဲ့များ၏ စုပေါင်းပါဝင်ဦးဆောင်မှုဖြင့် နိုင်ငံသစ် တည်ဆောက်သွားရန်ဖြစ်ကြောင်း အသိပေးသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်နိုင်မည် မဟုတ်သည့်အပြင် အာဏာသိမ်းမှု တရားဝင် ဖြစ်စေပြီး မြန်မာစစ်တပ် ကို ကာလအကန့်အသတ်မရှိ အုပ်ချုပ်ခွင့် ပေးခြင်းသာ ဖြစ်ကြောင်း ဖော်ပြပြီး စစ်တပ်သည် အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်မရှိစေရဟု ထုတ်ပြန်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့် အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ပြန်လည်ဖော်ဆောင်ရန် သက်ဆိုင်သူအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ် နှင့် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ်လိုအပ်ကြောင်း၊ နိုင်ငံရေး အခွင့်ထူးခံများ အချင်းချင်းကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်ခံမည်မဟုတ်ကြောင်း အသိပေးသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့၏ မြန်မာနိုင်ငံဆိုင်ရာ အဖြေရှာမှု လုပ်ငန်းစဉ်များတွင် ညှိနှိုင်းပူးပေါင်းပါဝင်သွားမည်ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဦးတည်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ယခု ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးမျှော်မှန်းချက် ၊ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် မဟာဗျူဟာအရ အရေးကြီးသည့် ကဏ္ဍစုံတွင် ပူးပေါင်းညှိနငိင်းရေးယန္တရားများ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

ထို့အပြင် သက်ဆိုင်သည့် တော်လှန်ရေးမဟာမိတ် အင်အားစုများနှင့်လည်း ဆက်လက် ပူးပေါင်းညှိနှိုင်း၍အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကြေညာချက်ပါအကြောင်းအရာများနှင့်ပတ်သက်ပြီး မေးမြန်းရန် ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် CNF မှ ဆလိုင်းထက်နီ၊ KNPP မှ ဦးအောင်ဆန်းမြင့်၊ KNU မှ ပဒိုစောတာဒိုမူးနှင့် NUGမှ ဦးတင်ထွန်းနိုင်တို့အား ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။