Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး နှင့် မုံရွာတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ပြုလုပ်မည့် အသံတိတ်သပိတ်ပျက်စေရန် ရည်ရွယ်၍ စစ်တပ်က အခမ်းအနားများ ပြုလုပ်ရန် စီစဥ်နေ

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက “တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ”အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

( အသံတိတ်သပိတ်နေ့၌ ဦးပိန်တံတား၌ ပြုလုပ်မည့် စစ်တပ်၏ အခမ်းအနားတစ်ခုအားတွေ့ရစဥ်/ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်လှုပ်ရှားမှုတွင် မုံရွာမြို့တွင်းလမ်းများအားတွေ့မြင်ရစဥ်။ ဓာတ်ပုံ-Regional News Agency၊စစ်​ကောင်စီ)

မန္တလေးနှင့် မုံရွာမြို့များတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ပြုလုပ်မည့် အသံတိတ်သပိတ်ပျက်စေရန် ရည်ရွယ်၍ စစ်ကောင်စီက အခမ်းအနားများ ပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက “တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ”အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်တွင်လည်း လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ စစ်ကောင်စီက ဆန်ဝေမည်ဟု မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်ကာ အသံချဲ့စက်ဖြင့် လိုက်လံကြေညာသွားကြောင်း မြို့ခံများက ပြောသည်။

( အသံတိတ်သပိတ်နေ့၌ ဦးပိန်တံတား၌ ပြုလုပ်မည့် စစ်တပ်၏ အခမ်းအနားတစ်ခုအားတွေ့ရစဥ်/ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်လှုပ်ရှားမှုတွင် မုံရွာမြို့တွင်းလမ်းများအားတွေ့မြင်ရစဥ်။ ဓာတ်ပုံ-Regional News Agency၊စစ်​ကောင်စီ)
( အသံတိတ်သပိတ်နေ့၌ ဦးပိန်တံတား၌ ပြုလုပ်မည့် စစ်တပ်၏ အခမ်းအနားတစ်ခုအားတွေ့ရစဥ်/ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်လှုပ်ရှားမှုတွင် မုံရွာမြို့တွင်းလမ်းများအားတွေ့မြင်ရစဥ်။ ဓာတ်ပုံ-Regional News Agency၊စစ်​ကောင်စီ)

“၁ရက်နေ့ကို အသံတိတ်ပျက်ဖို့ ရည်ရွယ်ချက်နဲ့ ဆန်ဝေမယ်လို့ မိုက်နဲ့အော်ထားတာတဲ့။ မြို့သစ်၊ကွေ့ကြီးအစပ်၊ အောင်ချမ်းသာကြားတဲ့သူတွေရှိတယ်။”ဟု မုံရွာကင်းထောက်အဖွဲ့က ဆိုသည်။

စစ်ကောင်စီက အသံတိတ်သပိတ်ပျက်စေရန် ရည်ရွယ်သော်လည်း မည်သူမျှထွက်မည်မဟုတ်ကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဝေလည်းဝေပဲရှိမှာပဲ။ ဒီမှာက မထွက်နဲ့ဟေ့ဆို ဘယ်သူမှမထွက်ကြဘူး။”ဟု မုံရွာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုလက်ရှိ မုံရွာမြို့တွင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခါအစီအစဥ်(WFP)က ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှစတင်ကာ ဆန်ဝေနေပြီး အိမ်ထောင်စုဇယားဖြင့် ထုတ်ယူနိုင်သည်ဟု မုံရွာမြို့ခံများက ပြောသည်။

အခြားမြို့ကြီးများတွင်လည်း မုံရွာနည်းတူ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ စစ်တပ်က ဆန်ဝေခြင်း၊ ဝန်ထမ်းများအား ရုံးချိန်နောက်ကျပြီး ရုံးစောဆင်းစေခြင်း၊ ဝန်ထမ်းများအား အရပ်ဝတ်ဖြင့် သွားလာစေခြင်း၊ အခြားလှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ဖြင့် အသံတ်သပိတ်ပျက်စေရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။

( အသံတိတ်သပိတ်နေ့၌ ဦးပိန်တံတား၌ ပြုလုပ်မည့် စစ်တပ်၏ အခမ်းအနားတစ်ခုအားတွေ့ရစဥ်/ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်လှုပ်ရှားမှုတွင် မုံရွာမြို့တွင်းလမ်းများအားတွေ့မြင်ရစဥ်။ ဓာတ်ပုံ-Regional News Agency၊စစ်​ကောင်စီ)
( အသံတိတ်သပိတ်နေ့၌ ဦးပိန်တံတား၌ ပြုလုပ်မည့် စစ်တပ်၏ အခမ်းအနားတစ်ခုအားတွေ့ရစဥ်/ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်လှုပ်ရှားမှုတွင် မုံရွာမြို့တွင်းလမ်းများအားတွေ့မြင်ရစဥ်။ ဓာတ်ပုံ-Regional News Agency၊စစ်​ကောင်စီ)

ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၃) နှစ်ပြည့်မည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike) နှင့် အဖြူရောင် လှုပ်ရှားမှု (White Campaign) တို့ ပြုလုပ်မည် ဖြစ်ပြီး ပြည်သူအားလုံး ရရာနည်းလမ်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် တော်လှန်ရေးအင်အားစုများကတိုက်တွန်းနှိုးဆော်ထားသည်။

အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike) ကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်မည် ဖြစ်ပြီး ယင်းနေ့တွင် လမ်းမများနှင့် အများပြည်သူဆိုင်ရာနေရာတို့တွင် တိတ်ဆိတ်ခြောက်ကပ်နေရန်အတွက် ပြည်သူများက အပြင်မထွက်ကြဘဲ ကိုယ့်အိမ်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်တို့၌ နေ၍ Silent Strike ကို ဖော်ဆောင်ဆင်နွှဲကြ​ပေးရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းထားသည်။

အဖြူရောင် လှုပ်ရှားမှု (White Campaign) ကိုလည်း ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ပြုလုပ်မည် ဖြစ်ပြီး ယင်းလှုပ်ရှားမှုသည် အင်္ကျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူ အစရှိသည့် အဖြူရောင် အဝတ်အစား၊ အသုံးအဆောင်များကို ပြည်သူများက အဆင်ပြေသလို ဝတ်ဆင်ကြသည့် လှုပ်ရှားမှုဖြစ်သည်။