Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တိုင်းစစ်ဌာန သို့ ၁၂ နာရီအတွင်း လူငယ်​ထောင်ချီတပ်သားသစ်အဖြစ်​လျှောက်ထား

နွေဦးတော်လှန်ရေးအဆုံးသတ်အောင်ပွဲအတွက် တပ်သားသစ်များအား ရန်ကုန်တိုင်းစစ်ဌာနမှ နွေးထွေးစွာကြိုဆို​ကြောင်းဖေဖော်ဝါရီ ၁၂ ရက်က ကြေညာခဲ့ခြင်း ဖြစ်ပြီးအသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ပြီး ကျန်းမာရေး (အထူး) ကောင်းမွန်သူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

(PDF ရန်ကုန်တိုင်းစစ်ဌာန မှတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-ရန်ကုန်တိုင်းစစ်ဌာန)
(PDF ရန်ကုန်တိုင်းစစ်ဌာန မှတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-ရန်ကုန်တိုင်းစစ်ဌာန)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်တိုင်းစစ်ဌာန ကတပ်သားသစ်များလက်ခံ​ကြောင်း​ကြေညာပြီး၁၂ နာရီအတွင်းထောင်နှင့်ချီသော တပ်သားသစ် လျှောက်လွှာများလက်ခံရရှိ​ကြောင်း ရန်ကုန်တိုင်းစစ်ဌာန တပ်သားသစ်ခေါ်ယူရေးကော်မတီက ယနေ့ ထုတ်ပြန်သည်။

လက်ခံရရှိထားသော လျှောက်ထားသူအချက်လက်များ လုံခြုံရေးနှင့် အချက်အလက်များ စိစစ်ခြင်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးသည်။

လျှောက်လွှာပါ အချက်အလက်များ မှန်ကန်ပြည့်စုံစွာ ထည့်သွင်းထားခြင်းမရှိသည့် လျှောက်လွှာများ၊ သတ် မှတ်ချက်နှင့် ကိုက်ညီခြင်းမရှိသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်းလည်း ကော်မတီက ဆိုသည်။

“သတ်မှတ်ချက်တွေ ဖြည့်ရတာတော့ သိပ်ပြီး အခက်အခဲမရှိဘူး။ကိုယ်တိုင်လည်း အမှန်တကယ် လုပ်နိုင်တဲ့အတွက်၊စိတ်ပါတဲ့အတွက် မနေ့က ချက် ချင်းပဲ လျှောက်လိုက်တာ”ဟု ရန်ကုန်တိုင်းစစ်ဌာန တပ်သားသစ်အဖြစ်လျှောက်ထားသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

လျှောက်လွှာများစိစစ်၍ တပ်သားသစ်များအား ခေါ်ယူနိုင်ရန် စီစဉ်နေသည့်အချိန်အတွင်း လျှောက်ထားသူများအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့် အချက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးအဆုံးသတ်အောင်ပွဲအတွက် တပ်သားသစ်များအား ရန်ကုန်တိုင်းစစ်ဌာနမှ နွေးထွေးစွာကြိုဆို​ကြောင်းဖေဖော်ဝါရီ ၁၂ ရက်က ကြေညာခဲ့ခြင်း ဖြစ်ပြီးအသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ပြီး ကျန်းမာရေး (အထူး) ကောင်းမွန်သူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ကာ တော်လှန်ရေးကို ပြီး ဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်လိုစိတ်ရှိရမည် ဟု အသိပေးသည်။

မည်သည့်တာဝန်ကိုမဆို အချိန်မရွေး၊ နေရာဒေသမရွေး ကျေပွန်စွာထမ်းဆောင်နိုင်သူ နှင့် အမိန့်နာခံတတ်သူများ၊ ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သစ္စာစောင့်သိ၍ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံနိုင်ပြီး စွန့်စားဝံ့သူဖြစ်ရမည်ကို ရွေးချယ်မည်ဟု ဆိုသည်။

လွန်ခဲ့သော ၁၄ နှစ်က စစ်အစိုးရ ပြဌာန်းခဲ့သည့် ပြည် သူ့စစ်မှုထမ်း ဥပ‌ဒေကို အာဏာသိမ်းစစ်​ခေါင်း​ဆောင်က ​ဖေ​ဖော်ဝါရီ ၁၀ ရက်တွင် အာဏာတည်ကြောင်းထုတ်ပြန်လာ ဖြစ်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသား တိုင်းကို ၂ နှစ် စစ်မှုထမ်းရန် ဆင့်ခေါ် နိုင်ပြီး တိုင်းပြည် အရေးပေါ်အခြေအနေဆိုပါက ၅ နှစ် အထိ ၎င်းတို့လိုသလို ခိုင်းစေနိုင်သည်ဟုဆိုသည်။ငြင်းဆန်ပါက လိမ်လည်ပါက ​ထောင် ၃ နှစ် မှ ၅ နှစ်အထိချနိုင်​ကြောင်းလည်း ခြိမ်း​ခြောက်ထားသည်။