Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်မြို့နယ်တွင် တိုက်ပွဲဖြစ်

ဗန်းမောက်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်ကလည်း အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီ၊SNA (ရှမ်းနီ)နှင့် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့​သေးသည်။

(ဗန်း​မောင်မြို့နယ်မှ စစ်သင်တန်းတက်​ရောက်​နေ​သောPDF များ ။ဓါတ်ပုံ- BR)
(ဗန်း​မောင်မြို့နယ်မှ စစ်သင်တန်းတက်​ရောက်​နေ​သောPDF များ ။ဓါတ်ပုံ- BR)

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ် ၊ ရှမ်းနီတပ် (SNA )နှင့် ပျူစောထီးများပါဝင်သည့် အင်အား ၃၀၀ ခန့်ပါစစ်ကြောင်းသုံးကြောင်း နှင့် ​တော်လှန်​ရေးတပ်ဖွဲ့များ ကြားတိုက်ပွဲဖြစ်ပွား​နေပြီး စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီး အသုံးပြု တိုက်ခိုက်နေသည်။

ဗန်းမောက်မြို့နယ်၊ ပင်ဟင်းခါးရွာ၊ကြောင်လည်ရွာနှင့် မြစ်သေးချင်းရွာတို့တွင် ဖေ‌ဖော်ဝါရီလ ၅ ရက်မှစ၍ တိုက်ပွဲဖြစ်နေခြင်းဟု ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

“တိုက်ပွဲပြင်းထန်လို့ လေကြောင်းကနေ လာပစ်တယ်။ မနေ့က။ လက်ရှိကတော့ တိုက်ပွဲဆက်ဖြစ်နေတယ်။ စစ်‌ကြောင်းက ဆည်ကြီးတောင်မှာအထိုင်ချထားတယ်”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးကပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီလ ၉ရက်) နံနက်နှင့် နေ့လယ်ပိုင်းမှာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပြီး စစ်ကောင်စီကဂျက်ဖိုက်တာဖြင့်လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဗန်းမောက်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်တပ်က ယမန်နေ့က လက်နက်ကြီးငါးလုံးပစ်ခတ်ပြီး ပိတ်မိနေသည့်မြေပြင်စစ်ကြောင်းကို ဆွဲထုတ်နိုင် ရန်ညကြိုးစားခဲ့သည်ဟု ​PDF အချို့ကပြောသည်။

Public Service Announcement

Public Service Announcement

ပင်ဟင်းခါးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီအင်အား များသောကြောင့် ၂၀၂၃ နိုဝင်ဘာလက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းယူထားသည့် SNA ၏ဂိတ်စခန်းတစ်ခုကို ပြန်လည်ဆုတ်​ပေးထားကြောင်းသိရသည်။

သို့​သော်လက်တလောတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် ထိခိုက်ကျဆုံးမှု မရှိပေ။ စစ်ကောင်စီဘက်တွင် ထိခိုက် သေဆုံးမှုများရှိသည်ဟု​ဒေသခံအချို့က​ပြောသည်။သို့သော် ​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကအသေးစိတ်အတည်မပြုနိုင်သေးပေ။

ဗန်းမောက်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်ကလည်း အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီ၊SNA (ရှမ်းနီ)နှင့် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့​သေးသည်။