Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မဲဆောက်မြို့မှတဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ခေါ်ယူမည့်အစီအစဥ် ဖျက်သိမ်း

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ လေယာဥ်ဆင်းသက်ရန် ခွင့်တောင်း၍ ခေါ်ယူရန်စီစဥ်ခဲ့ခြင်းဟု Thai PBSက ဖော်ပြသည်။

(မဲ​ဆောက်​လေဆိပ်တွင် ရပ်နားထား​သောစစ်​ကောင်စီ​လေယာဥ်၊ စစ်​ကောင်စီ​လေယာဥ်​ပေါ်သို့ကား​ပေါ်မှ အရာဝတ္ထုများတင်​ဆောင်​နေစဥ်။ ထိုင်သတင်းဌာန The Reporters က​ ငွေများဟု​ဖော်ပြသည်။ ဓာတ်ပုံ - Thai PBS ၊ The Reporters ၊ Ye Min(AAC)/FB)
(မဲ​ဆောက်​လေဆိပ်တွင် ရပ်နားထား​သောစစ်​ကောင်စီ​လေယာဥ်၊ စစ်​ကောင်စီ​လေယာဥ်​ပေါ်သို့ကား​ပေါ်မှ အရာဝတ္ထုများတင်​ဆောင်​နေစဥ်။ ထိုင်သတင်းဌာန The Reporters က​ ငွေများဟု​ဖော်ပြသည်။ ဓာတ်ပုံ - Thai PBS ၊ The Reporters ၊ Ye Min(AAC)/FB)

ဒီးဒီ/People’s Spring

ထိုင်းနိုင်ငံ မဲဆောက်မြို့မှတဆင့် လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပြန်လည်ခေါ်ယူမည့်အစီအစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း ထိုင်းသတင်းဌာန Thai PBSက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သင်္ဃန်းညီနောင်ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ချအညံ့ခံသော စစ်ကောင်စီ၏ ဗိုလ်မှူးချုပ်အပါအဝင်တပ်သားနှင့် မိသားစုဝင် ၆၁၇ဦးအား ကရင်အမျိုးသားအစည်းအရုံး (KNU)က ပြန်လည်ပေးအပ်ခြင်းမရှိသောကြောင့် ဧပြီ ၈ရက်နှင့် ၉ရက်တို့တွင် ခေါ်ယူမည့်အစီအစဥ်အား ဖျက်သိမ်းလိုက်ပြီဟု ဆိုသည်။

ယမန်နေ့ (ဧပြီ ၇ရက်) ညကလည်း စစ်​ကောင်စီတပ်ဖွဲ့ဝင်နှင့် စစ်​ကောင်စီဝန်ထမ်းများကို​ခေါ်ယူရန် ​ရောက်လာ​သော စစ်​ကောင်စီ၏ MNA၏ ​ATR 72-600 လေယာဥ်သည် မဲ​ဆောက်​လေဆိပ်တွင် ၁ နာရီ ၂၀ မိနစ်ကြာရပ်နား စောင့်ဆိုင်းခဲ့သော်လည်း ‌ခေါ်ယူမည့်ဝန်ထမ်းများရောက်လာခြင်းမရှိဟုဆိုကာ ည ၁၀နာရီတွင် ပျံတက်သွား​ကြောင်း ထိုင်းသတင်းဌာနများက​ ဖော်ပြသည်။ ထို့ကြောင့် ယနေ့(ဧပြီ ၈ရက်)နှင့် ဧပြီ ၉ရက်တို့တွင် ခေါ်ယူရန် စီစဥ်ထားမှုအား ဖျက်သိမ်းလိုက်ခြင်းဟု Thai PBSက ဆိုသည်။

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ လေယာဥ်ဆင်းသက်ရန် ခွင့်တောင်း၍ ခေါ်ယူရန်စီစဥ်ခဲ့ခြင်းဟု Thai PBSက ဖော်ပြသည်။

” မြဝတီမြို့က မြဝတီဘဏ်က ပိုက်ဆံတွေ သယ်သွားတာလို့ သိရတယ်”ဟု လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားတပ်မ​တော် (KNU/KNLA) ဦး​ဆောင်​​သော​တော်လှန်​ရေးအဖွဲ့များက မြဝတီမြို့နယ် နှင့် သင်္ကန်းညီ​နောင်မြို့ရှိ စစ်​ကောင်စီတပ်စခန်းများကို မတ်လ ၇ ရက်မှစတင်ထိုးစစ်ဆင်တိုက်ခိုက်၍ စခန်းများသိမ်းယူခဲ့သည်။ သင်္ကန်းညီ​နောင် ဗျူဟာတွင် ​နောက်ဆုံးကျန်​​သော ဗျူဟာနှင့် ခမရ (၃၅၇)ကို KNLA ပူး​ပေါင်းတပ်က ဧပြီ ၅ ရက်တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သင်္ကန်းညီ​နောင်ဗျူဟာမှ ဗျူဟာမှူးအပါအဝင် စစ်သားများ ၊မိသားစုဝင်များ စုစု​ပေါင်း၆၁၇ ဦးမှာ ဧပြီ ၆ ရက်တွင် လက်နက်ချခဲ့ပြီး လက်နက်ခဲယမ်းများစွာကို ​တော်လှန်​ရေးအဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။

ထို​နောက် မြဝတီမြို့ကို သိမ်းရန်မှာ မြို့​စောင့်တပ်ဖြစ်​သော ခမရ (၂၇၅)၊အ​မြောက်တပ်နှင့် အင်အားအနည်းငယ်သာကျန်ရှိပြီး ၎င်းတို့ကို လက်နက်ချရန် ဧပြီ ၆ ရက်တွင်အချိန်​ပေးညှိနှိုင်း​နေခြင်းဖြစ်သည်။

KNU ဦး​ဆောင်​သော ​တော်လှန်​ရေးတပ်များက မြဝတီမြို့ကိုသိမ်းရန် ကရင်လက်နက်ကိုင်အဖွဲ့များ​ပေါင်းစည်း​ရေး​ကော်မတီနှင့် စစ်​ကောင်စီတို့ ​ဆွေး​နွေး​ခဲ့ခြင်းဖြစ်ကြောင်း လူထု​နွေဦးက စုံစမ်းသိရသည်။​​ ဆွေး​နွေးမှုရလဒ်မည်သို့ ထွက်သည်ကိုမသိရ​သော်လည်း ယ​မန်နေ့ညတွင် စစ်​ကောင်စီက မြဝတီမြို့မှ ဝန်ထမ်းများကို ​ရန်ကုန်မှ ​လေယာဥ်လွှတ်၍ မဲ​ဆောက်မြို့သို့လာ​​​ခေါ်​နေခြင်းဖြစ်သည်။

(မဲ​ဆောက်​လေဆိပ်တွင် ရပ်နားထား​သောစစ်​ကောင်စီ​လေယာဥ်၊ စစ်​ကောင်စီ​လေယာဥ်​ပေါ်သို့ကား​ပေါ်မှ အရာဝတ္ထုများတင်​ဆောင်​နေစဥ်။ ထိုင်သတင်းဌာန The Reporters က​ ငွေများဟု​ဖော်ပြသည်။ ဓာတ်ပုံ – Thai PBS ၊ The Reporters ၊ Ye Min(AAC)/FB)

ဆက်စပ်သတင်းများ

သတင်း

အဲဒီ​လေယာဥ်မှာ စစ်​ကောင်စီက မြဝတီမြို့က စစ်တပ်ထိန်းချုပ်ထားတဲ့ ဘဏ်က​ငွေ​​တွေနဲ့ လူ ၂၀ ကို ​ခေါ်သွား​​ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ် ။

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

မြ၀တီ၌ ကျန်နေသည့် ခမရ(၂၇၅) ကို KNU ပူးပေါင်းတပ်က ဝိုင်းပတ်ပိတ်ဆို့ထားရာ အဆိုပါတပ်ရင်း လက်နက်ချ အလင်းဝင်ရေး ညှိနှိုင်းလျက်ရှိသည်ဟုစုံစမ်းသိရသည်။