Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်သားနဲ့မိသားစုတွေကို လေယာဉ်နဲ့ ပြန်ခေါ်မယ့် အစီအစဉ် စစ်ကောင်စီက အ​ကြောင်းပြချက်မ​ပေးပဲ ရပ်ဆိုင်း​ကြောင်း ထိုင်းအစိုးရအတည်ပြု

အဲဒီ​လေယာဥ်မှာ စစ်​ကောင်စီက မြဝတီမြို့က စစ်တပ်ထိန်းချုပ်ထားတဲ့ ဘဏ်က​ငွေ​​တွေနဲ့ လူ ၂၀ ကို ​ခေါ်သွား​​ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ် ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာ ပြောရေးဆိုခွင့်ရအရာရှိ သာနာဝပ် ဆီရီကူလ်
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာ ပြောရေးဆိုခွင့်ရအရာရှိ သာနာဝပ် ဆီရီကူလ်

▪︎​​လေယာဥ် ၃ ​ခေါက်ပျံသန်းရန်စီစဥ်ခဲ့ပြီးပထမတစ်​ခေါက်​ငွေများသယ်​ဆောင်ပြီး​နောက်ရပ်ဆိုင်းခြင်းဖြစ်

People’s Spring

မြဝတီကနေ တိမ်းရှောင်လာမယ့် စစ်​ကောင်စီတပ် အရာရှိတွေနဲ့ မိသားစုဝင်တွေကို လေကြောင်းကနေ ပြန်လည် ခေါ်ဆောင်နေတဲ့ ကိစ္စကို အာဏာသိမ်း စစ်ကောင်စီက ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာ ပြောရေးဆိုခွင့်ရအရာရှိ သာနာဝပ် ဆီရီကူလ်က အတည်ပြု​ပြောကြားပါတယ် ။

Public Service Announcement

Public Service Announcement

မူလက ခရီးစဉ် သုံးခေါက်ထဲဆွဲမယ်လို့ သ​ဘောတူခဲ့​ပေမယ့် တစ်ခေါက်ပြီးတာနဲ့ ရပ်နားလိုက်တဲ့ ဆုံးဖြတ်ချက်အတွက် စစ်ကောင်စီဘက်က ဘာအကြောင်းပြချက်မှ မပေးခဲ့ဘူးလို့ ဒီက​နေ့ (ဧပြီ ၈ ရက်)မှာ သာနာဝပ် ဆီရီကူလ်က ပြောကြားခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaoaod English က​ဖော်ပြပါတယ် ။

မူလက စစ်ကောင်စီရဲ့ မေတ္တာရပ်ခံချက်ကြောင့် ထိုင်းအစိုးရဟာ တက်ခ်ခရိုင်မှာရှိတဲ့ မဲဆောက်မြို့ကို မြန်မာစစ်တပ် စေလွှတ်တဲ့ MNA လေယာဉ်တွေ သုံးရက်ဆက် ဆင်းသက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မြဝတီကနေ တိမ်းရှောင်လာတဲ့ စစ်သားတွေနဲ့ မိသားစုဝင်တွေကို လေယာဉ်ခရီးစဉ် တစ်သုတ်ချင်းစီနဲ့ ပြန်ခေါ်ထုတ်ဖို့ပါ။

ထိုင်းက လူသားချင်း စာနာမှု ရှုထောင့်ကနေ ချဉ်းကပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လေယာဉ် ခရီးစဉ် သုံးခေါက်ကို ခွင့်ပြုပေးခဲ့ပေမယ့် ပထမတစ်ခေါက် အပြီးမှာတင် မြန်မာဖက်က ဒုတိယ နှစ်သုတ် ပျံသန်းစေမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

အစောပိုင်း ကြေညာချက်တုန်းက ထိုင်းအစိုးရဟာ လက်နက်တွေ သယ်ယူခွင့် မပြုဘဲ လူသားချင်း စာနာမှု ရှုထောင့်ကနေ စီစဉ်ပေးတဲ့ ခရီးစဉ် သုံးခုအတွက် လက်ခံပေးခဲ့ကြောင်း ပါရှိခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ရဲ့ ပထမအသုတ် ခရီးစဉ်အဖြစ် ဧပြီ ၇ ရက် ညပိုင်းက မဲဆောက်မှာ စစ်​ကောင်စီစေလွှတ်တဲ့ ATR လေယာဉ် ဟာ ၈ နာရီ ၄၀ မှာ ဆင်းသက်ခဲ့ပြီး ၁၀ နာရီမှာပြန်သွားကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ​လေယာဥ်မှာ စစ်​ကောင်စီက မြဝတီမြို့က စစ်တပ်ထိန်းချုပ်ထားတဲ့ ဘဏ်က​ငွေ​​တွေနဲ့ လူ ၂၀ ကို ​ခေါ်သွား​​ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ် ။

(ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာ ပြောရေးဆိုခွင့်ရအရာရှိ သာနာဝပ် ဆီရီကူလ်/ မဲ​ဆောက်သို့ ဧပြီ ၇ ရက်ည တွင်လာ၍ ​လူပုဂ္ဂိုလ် ၂၀ နှင့် ​ငွေများသယ်​၍ပြန်သွား​သော MNA ​လေယာဥ်။ဓါတ်ပုံ- Khaoaod English ၊ Thai PBS ၊ YM’ FB)

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်းများ၏ အသက်ရှင်ရပ်တည်ရေးသည်များစွာ အရေးကြီးသည်ဟုလည်း ပြည်သူများအား ပဒိုစောတောနီးက အသိပေးသည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်​တော်လှန်​ရေးအဖွဲ့များပစ်ချခဲ့သည့် စစ်​ကောင်စီ ရဟတ်ယာဥ်နှင့် ​လေယာဥ် ၇ စီးရှိပြီဖြစ်သည်။

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ လေယာဥ်ဆင်းသက်ရန် ခွင့်တောင်း၍ ခေါ်ယူရန်စီစဥ်ခဲ့ခြင်းဟု Thai PBSက ဖော်ပြသည်။