Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်ပြည်နယ်တွင် တိုက်ပွဲ ၄လကျော်အတွင်း အပြစ်မဲ့အရပ်သား ၁၇၉ ဦးသေဆုံး၊ ၄၆၈ ဦး ဒဏ်ရာရဟု HDCO ထုတ်ပြန်

စစ်ကောင်စီလက်ထဲရှိ ဖမ်းဆီးထိန်းသိမ်းခံ အထက်ပါအရပ်သားပြည်သူများ၏ အသက်အန္တရာယ်မှာ ကြီိးမားစွာခြိမ်းခြောက်ခံနေရကြောင်း HDCO က ဆိုသည်။

(ရခိုင်ပြည်နယ်မှ စစ်​ဘေး​ရှောင်ပြည်သူအချို့။ဓါတ်ပုံ-Border News Agency)
(ရခိုင်ပြည်နယ်မှ စစ်​ဘေး​ရှောင်ပြည်သူအချို့။ဓါတ်ပုံ-Border News Agency)

▪︎​နေရပ်စွန့်ခွာထွက်​ပြေးရသူ​ပေါင်း ၃၆၀,၀၀၀ခန့်ရှိလာ

ထားအိ/People’s Spring

ရက္ခိုင်ပြည်နယ်တိုက်ပွဲ ၄လကျော်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၁၇၉ ဦိးသေဆုံးခဲ့ပြီး ၄၆၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ HDCO က ဧပြီိ ၃ ရက်တွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ULA ၏ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးမှုညှိနှိုင်းရေးရုံး(HDCO)က ၂၀၂၃ နိုဝင်ဘာ ၁၃ မှ ၂၀၂၄ မတ်လ ၂၁ ရက်အထိ စာရင်းပြုစုခဲ့ရာ အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၆၄ ဦး သေဆုံးခဲ့ပြီိး အမျိုးသား ၂၇၀ ဦး၊ အမျိိုးသမီး ၁၉၈ ဦိး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ထိို့အပြင် လက်ရှိဖြစ်ပွားနေဆဲ တိုက်ပွဲစတင််ချိန်ကတည်းက ရက္ခိုင်ဒေသခံပြည်သူ ၄၇၁ ဦးကို စစ်ကောင်စီိက ဖမ်းဆီးထိန်းသိမ်းထားကြောင်း HDCO က ဖော်ပြသည်။

စစ်ကောင်စီလက်ထဲရှိ ဖမ်းဆီးထိန်းသိမ်းခံ အထက်ပါအရပ်သားပြည်သူများ၏ အသက်အန္တရာယ်မှာ ကြီိးမားစွာခြိမ်းခြောက်ခံနေရကြောင်း HDCO က ဆိုသည်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများ၏ အခြေအနေမှာ စစ်အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက်ပိုင်း စုစုပေါင်း နေရပ်စွန့်ခွာသူဦးရေမှာ ၃၅၈,၂၀၀ ကျော်လွန်ခဲ့ပြီိဟု ဖော်ပြသည်။ သို့သော် အဆိုပါအရေအတွက်၏ ၃၀ ရာခိုင်နှုန်းထက် နည်းပါးသောအရေအတွက်ကသာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီိများကို ရရှိနေသည်ဟု ဆိုသည်။ ဆိုလိုသည်မှာ နေရပ်စွန့်ခွာသူဦးရေ ၃၅၈,၂၀၀ အနက် ၁၀၀,၀၀၀ ကျော်သာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရရှိပြီး ကျန်လူဦးရေ ၂၅၀,၀၀၀ ခန့်မှာ အကူအညီများနှင့် လက်လှမ်းမီခြင်းမရှိပေ။

ဧပြီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင််ရာညှိနှိုင်းရေးရုံး(OCHA)၏ အစီရင်ခံစာတွင် ရက္ခိုင််ပြည်နယ်နှင့်ပတ်သက်၍ နေရပ်စွန့်ခွာသူဦးရေမှာ စစ်အာဏာမသိမ်းမီနှင့် အာဏာသိမ်းအပြီး စုစုပေါင်းမှာ ၃၀၀,၀၀၀ ခန့်ဟု ဖော််ပြထားသဖြင့် ULA ၏ HDCO ၏ စာရင်းကောက်ခံမှုနှင့် အနည်းဆုံး ၅၀,၀၀၀ ခန့် ကွာခြားချက်ရှိသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရက္ခိိုင်ပြည်နယ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသဖြင့် HDCO က မှတ်တမ်းတင်နိုင်သည့်အရေအတွက်ကို ဖော်ပြနိုင်ပြီး မြေပြင်အခြေအနေနှင့် ကွာခြားနိုင်ကြောင်း အသိပေးသည်။

အရေးပေါ်လူသားချင်းစာနာမှုဆိိုင်ရာဦးစားပေးအဓိကအချက် ၆ ချက်မှာ စားနပ်ရိက္ခာလုံခြုံရေး၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းများ၊ နားခိုစရာ၊ နေအိမ်များပြန်လည်တည်ဆောက်နိုင်ရေး၊ အသက်မွေးဝမ်းကြောင်းမှုအထောက်အပံ့များနှင့် အရပ်သားများပြန်လည်အခြေချနေထိိုင်ရေးအတွက် မိုင်းရှင်းလင်းဖယ်ရှားရေးကိရိယာတို့ဖြစ်ကြောင်း HDCO က အကြံပြုသည်။

စစ်​ကောင်စီ၏ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားလာပြီး စစ်​ကောင်စီက ပြည်နယ်အတွင်းစား​သောက်ကုန်နှင့်​ဆေးဝါးများတင်သွင်းခွင့်ပိတ်ထား​သော​ကြောင့်အမ်းတွင် ဆန်နှင့်​ဆေးဝါးများပြတ်လပ်​နေပြီး ပြည်သူများ အခက်​တွေ့​နေ​ကြောင်း​ဒေသတွင်း သတင်းဌာနများက ​ဖော်ပြသည်။

အရေးပေါ်လူသားချင်းစာနာမှုအကူအညီများပေးအပ်ဖြန့်ချိနိုင်ရေးအတွက် တစ်ဦးချင်းကိုဖြစ်စေ၊ အဖွဲ့အစည်းများကိုဖြစ်စေ ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ကြောင်းနှင့် HDCO.ULA@outlook.com ၊ HDCO.ULA@proton.me သို့ အချိန်မရွေးဆက်သွယ်နိုင်ကြောင်း HDCO က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဆီဆိုင်မြို့နယ်ယခင်အတိုင်း နှစ်ဖက်တပ်ဖွဲ့များ ရှိနေကြောင်း၊ မြေပြင်ပစ်ခတ်မှုများ ရှိနေသည့်အပြင် ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာအနီး၌လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း၎င်းက ဆိုသည်။

သတင်း

ရက္ခိုင့်တပ်တော်က ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရန် လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်​နေ​ကြောင်းAA က ​ကြေညာထားသည်။

သတင်း

သင်္ဃန်းညီနောင်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခမရ(၃၅၇)တပ်ရင်းအား ယနေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိပြီး မြို့အားသိမ်းပိုက်ရရှိသည့် အခြေအနေဖြစ်ကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းအရင်းမြစ်က ပြောသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။