Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီထံမှ သိမ်းရသည့် ဗုံးသီးများသုံးပြီး စစ်ကောင်စီကို ပြန်တိုက်ခိုက်မည်ဟု Federal Wings အသိပေး

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

(Federal Wings ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Federal Wings)
(Federal Wings ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Federal Wings)

▪️ကိုယ်ပိုင်ဒီဇိုင်းအသစ် ရေးဆွဲထုတ်လုပ်ထားသည့် ဒရုန်းများဖြင့်တိုက်ပွဲဝင်နေဟုဆို

ဟန်နွေ/People’s Spring

စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိသည့် ဗုံးသီးများကို အသုံးပြုကာ ပြန်လည်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ တိုက်ပွဲဝင်နေသည့် Federal Wings ဒရုန်းတပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းများ အပါအဝင် ဗျူဟာတစ်ခုလုံးကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိပြီးနောက် ယခုကဲ့သို့ အသိပေး လာခြင်းဖြစ်သည်။

” စကစဒရုန်းတွေနဲ့ စကစအသီးအနှံတွေကိုသုံးပြီး စကစကုန်းတွေကိုပြန်ဝုန်းရမှာဘယ်လောက် ပျော်စရာကောင်းသလဲ ညီနောင်ရောင်းရင်းတို့ရေ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ပြီးရင် တာလဘောဟင်းနဲ့ ကြိတ်လို့ကောင်းပြီ” ဟု ဒရုန်းတပ်ဖွဲ့က အသိပေးသည်။

ထို့ပြင် Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

” တိုက်ပွဲအတွေ့အကြုံတွေ မြေပြင် လိုအပ်ချက် တွေနဲ့ ပြုလွယ်ပြင်လွယ်မှုတွေကိုပေါင်းစပ်ပြီး လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်မဲ့အနေအထားကို FW R&D အဖွဲ့တွေက ကိုယ်တိုင်ဒီဇိုင်းရေးဆွဲပြီး ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ယခုကိုယ်ပိုင်ဒီဇိုင်းသစ်ဟာ တည်ဆောက်မှုပုံစံရိုးရှင်းပြီး တပ်ဆင်ရမြန်ဆန်လွယ်ကူတဲ့အပြင် ပါဝင်တဲ့အစိတ်အပိုင်းတွေနည်းပါးသွားတာကြောင့် ယခင်ကိုယ်ထည်များထက် ၂၅ရာခိုင်နှုန်းခန့် ပိုမိုပေါ့ပါးပါတယ်”ဟုလည်း Federal Wings က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လမ်းပန်း ဆက်သွယ်ရေးခက်ခဲ့သည့် ဒေသများ၌ ကျောပိုး သယ်ဆောင်နိုင်ရေး ဒီဇိုင်းထုတ်ထားကြောင်းလည်း အသိပေးသည်။

” ယခင်ကတော့ FW ဟာ စိုက်ပျိုးရေးသုံးဒရုန်းကိုယ်ထည်တွေကို မှာယူပြီး တိုက်ပွဲမှာအသုံးပြုဖို့ ထပ်ပိုးပြင်ဆင်ခဲ့ကြပါတယ်။ ဒီလိုထပ်ပိုးပြင်ဆင်ရာမှာ မလိုအပ်တဲ့ထပ်တိုးအလေးချိန်ဘတွေ များပြားခဲ့ရပြီး ဒရုန်းတစ်စင်းဆီကရသင့်တဲ့စွမ်းရည်ကို အပြည့်အဝအသုံးမချနိုင် ဖြစ်ခဲ့ကြပါတယ်။ယခု ကိုယ်ပိုင်ဒီဇိုင်းအသစ်မှာ အဲ့ဒီအားနည်းချက်တွေအကုန်လုံးကို ပြင်ဆင်လိုက်နိုင်ပါပြီ။FW ဒရုန်းတွေရဲ့ ဆင့်ကဲ့တိုးတက်လာမှုတွေကို ပုံတွေမှာ ပြထားပေးပါတယ်”ဟုလည်း Federal Wings က ထုတ်ပြန်သည်။

တိုက်ပွဲများ ဆက်တိုက်ဆင်နွှဲလျက်ရှိရာ ဒီဇိုင်းအသစ်ဒရုန်းတစ်စင်းပျက်ကျပြီး စစ်ကောင်စီလက်ထဲရောက်ရှိပြီးဖြစ်၍ ဒရုန်းနှင့်ပတ်သက်ပြီး လျှို့ဝှက်အဆင့်အတန်းမှ လျှော့ချကာ ယခုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်းများ၏ အသက်ရှင်ရပ်တည်ရေးသည်များစွာ အရေးကြီးသည်ဟုလည်း ပြည်သူများအား ပဒိုစောတောနီးက အသိပေးသည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်​တော်လှန်​ရေးအဖွဲ့များပစ်ချခဲ့သည့် စစ်​ကောင်စီ ရဟတ်ယာဥ်နှင့် ​လေယာဥ် ၇ စီးရှိပြီဖြစ်သည်။

သတင်း

အဲဒီ​လေယာဥ်မှာ စစ်​ကောင်စီက မြဝတီမြို့က စစ်တပ်ထိန်းချုပ်ထားတဲ့ ဘဏ်က​ငွေ​​တွေနဲ့ လူ ၂၀ ကို ​ခေါ်သွား​​ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ် ။

သတင်း

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ လေယာဥ်ဆင်းသက်ရန် ခွင့်တောင်း၍ ခေါ်ယူရန်စီစဥ်ခဲ့ခြင်းဟု Thai PBSက ဖော်ပြသည်။