Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တွေတွင် AA အလိုမရှိကြောင်း ဆန္ဒမပြပါက ရိုဟင်ဂျာများ၏ အိမ်များကို မီးရှို့မည်ဟု စစ်ကောင်စီခြိမ်းခြောက်အကြပ်ကိုင်ခဲ့ဟု ဒုက္ခသည်အချို့​ပြော

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

(စစ်​ကောင်စီဖိအား​ပေးမှု​ကြောင့် ပြုလုပ်​ခဲ့သော စစ်​တွေမြို့မှ ဆန္ဒပြပွဲ။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီဖိအား​ပေးမှု​ကြောင့် ပြုလုပ်​ခဲ့သော စစ်​တွေမြို့မှ ဆန္ဒပြပွဲ။ဓါတ်ပုံ-စစ်​ကောင်စီ)

ယောနသံ/People’s Spring

ရခိုင်ပြည်နယ်တွင်AA အလိုမရှိကြောင်း ဆန္ဒပြရန် နှင့် ဆန္ဒမပြပါက နေအိမ်များအား မီးရှို့ဖျက်ဆီးမည်ဟုစစ်​ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရ နှင့် စစ်တပ်အရာရှိများက ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် ရိုဟင်ဂျာများနှင့် နီးစပ်သူများကထုတ်ဖော်ပြောသည်။

“AAကိုဆန့်ကျင်‌​ကြောင်း ဆန္ဒပြဖို့ ဒေသခံတွေရော၊ ဒုက္ခသည်စခန်းကပါ လူ၁၀၀၀ တောင်းတယ်။ မဖြစ်မနေလုပ်ဖို့နဲ့ အကောင်အထည်မဖော်ရင် အိမ်တွေကိုမီးရှို့မယ်လို့ပြောတယ်။ ဒါကြောင့် လုပ်ခဲ့ကြတယ်” ဟု စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ဒေသခံတဦးကပြောသည်။

ယမန်နေ့( ဧပြီလ ၂၀ ရက်) နံနက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရိုဟင်ဂျာအချို့က AAအား အကြမ်းဖက်အဖွဲ့ဟုဆိုကာ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုသတင်းကို စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန် ချန်နယ် များတွင် ဆက်တိုက်ဖော်ပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထိုဆန္ဒပြမှုနောက်ကွယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် စစ်ကောင်စီအရာရှိများက ဖိအားပေးခဲ့ကြောင်း၊ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံး၌ အစည်းအဝေးခေါ်ယူကာ AAကို အကြမ်းဖက်အဖွဲ့အဖြစ်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ကြရန်၊ ယင်းသို့မလုပ်ပါက နေအိမ်များအား မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်းနှင့် ဒုက္ခသည်များအား ပိုမိုတင်းတင်းကျပ်ကျပ်ကိုင်တွယ်သွားမည်ဟု ဖိအားပေးခဲ့ကြောင်း စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ဒေသခံတဦးကပြောသည်။

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

အာရက္ခတပ်တော်(AA)ကလည်း ရခိုင်စစ်မြေပြင်၌ စစ်ရှုံးနေသည့်စစ်ကောင်စီသည် လူမျိုးရေးပဋိပက္ခဖန်တီးရန် အရှိန်မြင့်လုပ်နေပြီး အဆိုပါအခြေအနေကို အထူးသတိပြုကြရန် သတိပေးထားသည်။

” အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီဟာ အစွန်းရောက် အကြမ်းဖက်မူဆလင်စစ်သွေးကြွ တချို့ကို စစ်သင်တန်းပေး၊ လက်နက်တွေတပ်ဆင်ပေးနေပါတယ်။ ဒီလက်နက်

ကိုင်တွေကို ဘူးသီးတောင်မြို့တွင်း နှင့်ဆက်စပ်ရွာတချို့မှာ တပ်ဖြန့်ချထားပြီးတော့ ရခိုင်မုန်းတီးရေး ညာသံပေး အော်ခိုင်းနေတာတွေ့ရှိ ပါတယ်” ဟု AAပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ဧပြီလ ၁၃ရက်တွင် သတိပေးပြောကြားထားသည်။

ထို့အပြင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)ကလည်း စစ်ကောင်စီသည် ရိုဟင်ဂျာများကို ခြိမ်းခြောက်ဖိအားပေးပြီး အတင်းအကြပ်စစ်သားစုဆောင်းကာ AAနှင့်တိုက်ပွဲများတွင် အသုံးချနေကြောင်း စစ်တမ်းထုတ်ပြန်သတိပေးထားသည်။

ဘူးသီးတောင်နှင့်မောင်တောမြို့ရှိ စစ်ကောင်စီစခန်းများကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နယ်ခြား‌​စောင့်စခန်းချို့အပါအဝင် စစ်ကောင်စီစခန်းအများအပြားကိုသိမ်းယူထားသည်။ လတ်တလောတွင်ဘူးသီးတောင်ခြေစိုက် စကခ(၁၅)နှင့် ခမရ (၅၅၁)တပ်ရင်းကို AAက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် နေသည်။စစ်ကောင်စီတပ်ကလည်း လေကြောင်းအသုံးပြုခုခံတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်အခြေစိုက်စစ်ကောင်စီတပ်သည် AA၏ ထိုးစစ်ဆင် တိုက်ခိုက်လာမည့် အရေးမှရှောင်လွှဲရန် ဘူးသီးတောင်မြို့ပေါ်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ရန် ရခိုင်လူမျိုးပိုင် နေအိမ်များကို မီးရှို့ပြီး သွေးထို့လှုံ့ဆော်မှုများကို ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသအခြေစိုက်သတင်းဌာနများက ရေးသားသတိပေးထားသည်။

” မူဆလင်တွေအားလုံးစစ်ကောင်စီနှင့်ပူးပေါင်းတာတော့မဟုတ်ပါဘူး။ သမာသမတ်ရှိတဲ့ မူဆလင် ဘာသာရေးခေါင်းဆောင်တွေအနေနှင့် အမှန်တရားကိုပြောပြီးတော့သူတို့ မူဆလင်အသိုင်းအဝိုင်းကို ထိန်းသိမ်းနိုင်လိမ့်မယ်လိုတော့ ယုံကြည်ပါတယ်” ဟုခိုင်သုခက ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။