Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်မြို့၌ ယနေ့ တိုက်ပွဲငြိမ်သက်နေ၊ ဒေသခံအများစု ဗန်းမော်သို့ စစ်ရှောင်

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

(မိုးမောက်ဒေသခံများ စစ်ဘေးရှောင်လာကြစဉ်။ ဓာတ်ပုံ - သုညသုခ ပရဟိတလူငယ်အသင်း)
(မိုးမောက်ဒေသခံများ စစ်ဘေးရှောင်လာကြစဉ်။ ဓာတ်ပုံ - သုညသုခ ပရဟိတလူငယ်အသင်း)

နန်းနောင့်နောင့်/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့တွင် ယနေ့နံနက် ပစ်ခတ်မှုမရှိဘဲ ငြိမ်သက်နေပြီး ဒေသခံများသည် စစ်ဘေးရှောင်ရန် ဗန်းမော်မြို့သို့ ထွက်လာနေကြသည်။

“တိုက်ပွဲက မနေ့က ညနေမှာ စရပ်သွားတာ။ ဒီမနက်အထိ ပစ်ခတ်တာတွေ မရှိတော့ဘူး။ မနေ့တုန်းက လက်နက်ကြီးထိပြီး သေဆုံးတာတွေ ရှိတဲ့အပြင် တိုက်ပွဲလည်း ထပ်ဖြစ်နိုင်တယ်ဆိုပြီး ဒေသခံတွေ ထွက်လာနေ‌ကြတာ”ဟု ဗန်းမော်မြို့ခံတစ်ဦးက ပြောသည်။

မိုးမောက်မြို့မှ ထွက်လာသည့်စစ်ဘေးရှောင်များကို ဗန်းမော်မြို့မှ လူမှုရေးအဖွဲ့များက ယာယီစစ်ဘေးရှောင်စခန်းဖွင့်၍ လက်ခံထားသည်။ စစ်ဘေးရှောင်များ ဝင်ရောက်လာနေဆဲဖြစ်၍ အရေအတွက်အတိအကျမသိရသေးကြောင်းလူမှုကူညီအဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

မိုးမောက်မြို့တွင် ယမန်နေ့ (ဧပြီ၂၂ရက်) နံနက် ၇နာရီမှစ၍ ညနေ ၃နာရီခန့်အထိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခဲ့သည်။ဗန်းမော်မြို့ပေါ်မှ အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာ၍ KIA က စောင့်ကြိုတိုက်ခိုက် ခြင်းဟု သတင်းရရှိသည်။

မြေပြင်၌တိုက်ပွဲ ပြင်းထန်နေစဉ် စစ်ကောင်စီက ဗန်းမော်မြို့အခြေစိုက်တပ်ရင်းများမှနေ၍ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ နေအိမ်အချို့ပေါ်ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိုးမောက်မြို့နှင့် (၉)မိုင်ခန့်ဝေးသောဗန်းမော်မြို့တွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်မ (၈၈)ရှေ့တန်းဌာနချုပ်နှင့် အမြောက်တပ်ရင်း(၃၆၆)အပြင် မိုးမောက်မြို့အနီးရှိ ခမရ-၄၃၇ တပ်ရင်းတို့ ရှိနေသည်။

ထိုနေရာများမှနေ၍ စစ်ကောင်စီက!လက်နက်ကြီးအင်အားသုံးပစ်ခတ်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

ထိုအချိန်မှစ၍ မိုးမောက်မြို့ပေါ်မှ ဌာနဆိုင်ရာရုံးများ ပိတ်သွားခဲ့ပြီး ဝန်ထမ်းများသည် ဗန်းမော်မြို့သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။