Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးတွင် တော်လှန်ရေးရဲဘော်တစ်ဦး ကသည်းသူပုန်အဖွဲ့၏ ချောင်းမြောင်းပစ်ခတ်ခံရပြီးကျဆုံး

KNA(B)ရဲဘော်အား ချောင်းမြောင်းပစ်ခတ်သွားသည့် ကသည်းသူပုန်အဖွဲ့မှာ PLA ကသည်းသူပုန်အဖွဲ့ဖြစ်ကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

(စစ်​အာဏာရှင်တိုက်ဖျက်​ရေးတွင် ​ပါဝင်တိုက်ခိုက်​နေ​​သောKNA(B)၏ရဲဘော်၏ နာရေး။ဓါတ်ပုံ -CJ)
(စစ်​အာဏာရှင်တိုက်ဖျက်​ရေးတွင် ​ပါဝင်တိုက်ခိုက်​နေ​​သောKNA(B)၏ရဲဘော်၏ နာရေး။ဓါတ်ပုံ -CJ)

ဇော်ရမ်း/People’s Spring

စစ်ကောင်စီအားတော်လှန်တိုက်ခိုက်နေသည့်ကူကီးအမျိုးသားတပ်မတော် KNA(B)ရဲဘော်တစ်ဦးအား ကသည်းသူပုန်အဖွဲတစ်ဖွဲ့က ယနေ့(​မေ ၁၆) နံနက်အစောပိုင်းတွင် ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ပြီး သေနတ်ကိုပါ ယူဆောင်ထွက်ပြေးသွားသည်။

ယင်းဖြစ်စဉ်သည် တမူးမြို့နယ်အတွင်း အိန္ဒိယနိုင်ငံနှင့် နယ်စပ်အနီး၌ ယ‌နေ့(မေလ၁၆ရက်) နံနက် ၇နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” စစ်‌​ေးကို တော်လှန်နေတဲ့ ကူကီးအဖွဲ့ကို လာချောင်းပစ်တာ။ ကသည်းကလာပစ်လို့ သေရတာက တော်တော် လက်မခံနိုင်စရာပါဗျ။ ဒါက လွန်တယ်ဗျ” ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူမှာ အသက် ၂၄နှစ်အရွယ်ခန့် KNA(B)ရဲဘော်ဖြစ်သည်။ ၎င်း၏ နာရေးကို ယနေ့ အပြီး ပြုလုပ်ခဲ့သည်။

အိန္ဒိယအစိုးရကိုတော်လှန်ပုန်ကန်နေသည့်ကသည်းလက်နက်ကိုင်ဖွဲ့များသည် စစ်​ကောင်စီ၏အကူအညီဖြင့် မြန်မာ-အိန္ဒိယနယ်စပ်နေရာအချို့၌ခိုအောင်းနေထိုင်ပြီး အဖွဲ့အချို့သည် စစ်ကောင်စီလက်အောက်ခံအဖြစ် လှုပ်ရှားနေကြခြင်းဖြစ်သည်။ မြန်မာ-အိန္ဒိယနယ်စပ်နေရာများ၌ လှုပ်ရှားနေသော ကသည်းသူပုန်အဖွဲ့များမှာ United National Liberation Front-UNLF)၊People’s Liberation Army – PLA)၊ Kangleipak Communist Party – KCP)နှင့်People’s Revolutionary Party of Kangleipak – PREPAK)၊အပါအဝင် ဆယ်ဖွဲ့ထက်မနည်းရှိနေသည်။

KNA(B)ရဲဘော်အား ချောင်းမြောင်းပစ်ခတ်သွားသည့် ကသည်းသူပုန်အဖွဲ့မှာ PLA ကသည်းသူပုန်အဖွဲ့ဖြစ်ကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

“မြို့သစ်မြို့ကို သိမ်းတုန်းကထွက်ပြေးသွားတဲ့PLA ကသည်းအဖွဲ့လို့ ကျနော်တို့သိထားတယ်”ဟု တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးခရိုင်အတွင်း၌ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၁၁ရက်၌ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီဘက်မှ ကသည်းသူပုန်အဖွဲ့ပါဝင်ခဲ့သလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၌ KNA(B)ကပါဝင်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ‌ ခြေလျင်တပ်ရင်း(ခလရ-၂၂၈)၊ရှမ်းနီတပ်- SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၂၅၀)ခန့်ရှိ မြို့သစ်မြို့မှစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်၊ ဒု-ရဲအုပ် မျိုးသန့်တို့ အပါအဝင် စစ်ကောင်စီဘက်မှ ၂၁ဦးအလံဖြူပြ လက်နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နှစ်ရက်တာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူမှုများပြီး PDFရဲဘော် ၁၅ဦးခန့်လည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။

သတင်း

ရဲဝံ့ပြတ်သားစွာ တိုက်ပွဲဆင်နွဲခဲ့ကြသော KIA၊ KPDFနှင့် မိမိတို့ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPF ပူးပေါင်းတပ်ဖွဲ့အား ဂုဏ်ယူစွာဖြင့် အလေးပြုကြောင်း ဖော်ပြကာ စံပြ ရဲဘော်တစ်ဦးကို ဂုဏ်ပြုကြောင်း အသိပေးသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။