Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါန​တောင်​ပေါ်တွင် နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်

ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်ကလည်း အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးသည့် စစ်သုံ့ပန်းများအား ဖမ်းမိထားသည်ဟု က People’s Springသို့ ပြောထားသည်။သို့​သော် အ​ရေအတွက်ကိုမူ​ပြောကြားခြင်းမရှိ​ပေ။

(​အောင်​ဇေယျ စစ်​ကြောင်းကိုတိုက်ခိုက်​နေ​သော ​​ကော်ဘရာစစ်သည်များ ၊စစ်​ကောင်စီတပ်မှ သံချပ်ကာနှင့် စစ်ကားတို့အား တိုက်ခိုက်သိမ်းယူသွား​သော ​ကော်ဘရာစစ်​ကြောင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-Cobra Column)
(​အောင်​ဇေယျ စစ်​ကြောင်းကိုတိုက်ခိုက်​နေ​သော ​​ကော်ဘရာစစ်သည်များ ၊စစ်​ကောင်စီတပ်မှ သံချပ်ကာနှင့် စစ်ကားတို့အား တိုက်ခိုက်သိမ်းယူသွား​သော ​ကော်ဘရာစစ်​ကြောင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-Cobra Column)

▪︎​အောင်​ဇေယျစစ်​ကြောင်း ​ဒေါန​တောင်တွင် ​သေဆုံး ဒဏ်ရာရသူ စုစု​ပေါင်း ၄၀၀ ခန့်ရှိ​နေပြီဟု စစ်​ရေးရင်းမြစ်​ပြော

▪︎”မကြာတော့ဘူးသူတို့ တုံးလုံးပတ်လက်ဖြစ်တော့မယ်။ သူတို့ကလည်း နိုင်ငံတော်အဆင့်၊ ဒီဘက်ကလည်း ကလေးတွေက သိတဲ့အတိုင်းပဲ” -ကရင်စစ်​ရေးရင်းမြစ်

ဒီးဒီ/People’s Spring

စစ်​ကြောင်းထိုးလာသည်မှာ ရက် ၄၀ ကျော်လာ​သော်လည်း ဒေါနတောင်ပေါ်၌ ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

မေလ ၁၆ရက်နှင့် မေလ ၁၇ရက်တွင် ဒေါနတောင်ပေါ်၌ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့က ပြောသည်။ ​

“နှစ်ရက်ဆက် တိုက်ပွဲကပြင်းတယ်။ ၁၆ရက်နေ့က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်၊ ဒီနေ့ က တစ်ကြိမ်လာကြဲတယ်။ ရဲဘော်တွေ ဘေးကင်းပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

(​အောင်​ဇေယျ စစ်​ကြောင်းကိုတိုက်ခိုက်​နေ​သော ​​ကော်ဘရာစစ်သည်များ ၊စစ်​ကောင်စီတပ်မှ သံချပ်ကာနှင့် စစ်ကားတို့အား တိုက်ခိုက်သိမ်းယူသွား​သော ​ကော်ဘရာစစ်​ကြောင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-Cobra Column)
(​အောင်​ဇေယျ စစ်​ကြောင်းကိုတိုက်ခိုက်​နေ​သော ​​ကော်ဘရာစစ်သည်များ ၊စစ်​ကောင်စီတပ်မှ သံချပ်ကာနှင့် စစ်ကားတို့အား တိုက်ခိုက်သိမ်းယူသွား​သော ​ကော်ဘရာစစ်​ကြောင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-Cobra Column)

အောင်ဇေယျစစ်ကြောင်း​၏ အတွင်းသတင်းပေးမှုအရ တပ်မ ၂၂ ၊ တပ်မ ၄၄ ၊ တပ်မ ၅၅ ၊တပ်မ ၇၇ တို့မှ အင်အား ၁၂၀၀ ခန့်ဖြင့် ချီတက်လာသော စစ်ကြောင်းမှာ ​ဒေါန​တောင်​တွင် တစ်လ ဝန်းကျင်အကြာ၌ စစ်သား ၄၀၀ခန့်မှာ သေဆုံး ၊ ဒဏ်ရာရထားသည်ဟု သိရကြောင်း အထက်ပါစစ်​ရေးရင်းမြစ်က ဆက်ပြောသည်။ ထို့ကြောင့် အောင်ဇေယျစစ်ကြောင်းမှာ အင်အား( ၈၀၀ )ဝန်ကျင်သာ ကျန်ရှိတော့မည်ဖြစ်​ကြောင်း၎င်းကဆက်သည်။ ထို့အပြင်တပ်မ(၅၅)မှာ ဖွဲ့စည်းပုံပျက်သည့်သဘောဖြစ်နေ၍ တပ်မ(၇၇)ထပ်မံစေလွှတ်ပြီး ပြန်လည်စုဖွဲ့မှုပြုလုပ်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ​မေလဆန်းပိုင်းတွင် ပြောထားသည်။

“မကြာတော့ဘူးသူတို့ တုံးလုံးပတ်လက်ဖြစ်တော့မယ်။ သူတို့ကလည်း နိုင်ငံတော်အဆင့်၊ ဒီဘက်ကလည်း ကလေးတွေက သိတဲ့အတိုင်းပဲ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မြဝတီမြို့ကို စစ်ကူပို့ရန် “​အောင်​​ဇေယျစစ်ဆင်​​ရေး”ဟုအမည်​ပေး၍ နိုင်ငံ​တော်အဆင့်စစ်ဆင်​ရေးဟုဆိုကာ အင်အားတသ်​ထောင်​ကျော်ဖြင့် ဧပြီ ၇ ရက်မှ ဖာအံ၊​မော်လမြိုင် တို့မှစ၍ ချီတက်လာသော စစ်ကြောင်းသည် လက်ရှိတွင် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရောက်ရှိရပ်တန့်နေသည်ဟုသိရသည်။ ဒုအာဏာသိမ်းစစ်​​ခေါင်း​ဆောင် ဒုချုပ် ဒုဗိုလ်ချုပ်မှူကြီးစိုးဝင်းက ၄ ရက်ဖြင့် မြဝတီမြို့ အ​ရောက် နိုင်ငံ​တော်အဆင့် စစ်ဆင်​ရေးဟု ဆိုခဲ့​သော်လည်း ရက်​ပေါင် ၄၀ ​ကျော် ကြာသည်အထိ ​ဒေါန​တောင်​ပေါ်တွင် ပိတ်မိ​နေခြင်းဖြစ်သည်။

(​အောင်​ဇေယျ စစ်​ကြောင်းကိုတိုက်ခိုက်​နေ​သော ​​ကော်ဘရာစစ်သည်များ ၊စစ်​ကောင်စီတပ်မှ သံချပ်ကာနှင့် စစ်ကားတို့အား တိုက်ခိုက်သိမ်းယူသွား​သော ​ကော်ဘရာစစ်​ကြောင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-Cobra Column)
(​အောင်​ဇေယျ စစ်​ကြောင်းကိုတိုက်ခိုက်​နေ​သော ​​ကော်ဘရာစစ်သည်များ ၊စစ်​ကောင်စီတပ်မှ သံချပ်ကာနှင့် စစ်ကားတို့အား တိုက်ခိုက်သိမ်းယူသွား​သော ​ကော်ဘရာစစ်​ကြောင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-Cobra Column)

“တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်။ ကိုယ့် ဘက်က အေးဆေးပဲ”ဟု ဒေါနတောင်ပေါ်၌ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းတပ်မှ PDF တစ်ဦးက ပြောသည်။

အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅) လက်အောက်ခံ တပ်သားများ ရက္ခိုင်ပြည်နယ် တိုက်ပွဲသို့ စစ်ကူခွဲပေးပို့သည်ဟု သိရှိရကြောင်း အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောထားသည်။

ထိုတပ်သားအချို့ကို ရက္ခိုင်ပြည်နယ်သို့ပေးပို့ရန် ကားခုနစ်စီးခန့်ဖြင့် ထုတ်နှုတ်သွားသည်ဟု People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်ကလည်း ပြောသည်။

ထိုအပြင် မေလ ၁၂ရက်ကလည်း အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄)တပ်ရင်းစစ်ကြောင်း(၂)မှ တပ်သား နှစ်ဦး လက်နက်နှင့်အတူ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာခဲ့သည်။ ပြီးခဲ့သည့် ဧပြီ ၄ရက်ကလည်း အောင်ဇေယျစစ်ကြောင်းမှ စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၀)၏ စစ်ကောင်စီတပ်သားသုံးဦး လက်နက်များနှင့်အတူ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာခဲ့သည်။

(​အောင်​ဇေယျ စစ်​ကြောင်းကိုတိုက်ခိုက်​နေ​သော ​​ကော်ဘရာစစ်သည်များ ၊စစ်​ကောင်စီတပ်မှ သံချပ်ကာနှင့် စစ်ကားတို့အား တိုက်ခိုက်သိမ်းယူသွား​သော ​ကော်ဘရာစစ်​ကြောင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-Cobra Column)
(​အောင်​ဇေယျ စစ်​ကြောင်းကိုတိုက်ခိုက်​နေ​သော ​​ကော်ဘရာစစ်သည်များ ၊စစ်​ကောင်စီတပ်မှ သံချပ်ကာနှင့် စစ်ကားတို့အား တိုက်ခိုက်သိမ်းယူသွား​သော ​ကော်ဘရာစစ်​ကြောင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-Cobra Column)

“ပြည်သူ့ရင်ခွင်ခိုလှုံချင်တဲ့ စစ်သားတွေကို ဖိတ်ခေါ်ပါတယ်။ အမှားနဲ့အမှန်ကို စဥ်းစာချင့်ချိန်တက်မယ်လို့လည်းမြင်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ သူတို့ရဲ့လက်တစ်ဆုပ်စာကိုကာကွယ်စောင့်ရှောက်ဖို့အတွက် နိုင်ငံသူ၊နိုင်ငံသားတွေကို အချင်းချင်းသွေးခွဲပြီး သတ်ဖြတ်နေတဲ့လုပ်ရပ်တွေကို အမြန်ဆုံးချုပ်ငြိမ်းစေချင်တဲ့ ဆန္ဒနဲ့ပေါ့။ ပြည်သူ့ရင်ခွင်လောက်ငြိမ်းချမ်းအေးမြတဲ့နေရာ မရှိပါဘူး”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

ထို့အပြင် အောင်ဇေယျစစ်ကြောင်း၏ ခလရ(၉၄)၏ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဝင်းလည်း ဒေါနတောင်ပေါ်၌ ဧပြီ ၃ရက်ကတိုက်ပွဲအတွင်း သေဆုံးခဲ့သည်။

ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်ကလည်း အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးသည့် စစ်သုံ့ပန်းများအား ဖမ်းမိထားသည်ဟု က People’s Springသို့ ပြောထားသည်။သို့​သော် အ​ရေအတွက်ကိုမူ​ပြောကြားခြင်းမရှိ​ပေ။

အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်း အမှတ်(၃၂)ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း ဂျိုင်းတံတားမှ စ၍ တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး ​သေဆုံးထိခိုက်မှုများရှိခဲ့သည်။သို့​သော် ​ကော့ကရိတ် ​မြို့အထွက်မှ ​ဒေါန ​တောင်​ခြေ ၊​တောင်​ပေါ်တွင် စစ်​ကောင်စီတပ်မှာ

​တော်လှန်​ရေးပူး​ပေါင်းတပ်များ၏ အဆင့်ဆင့် ပိတ်ဆို့ တိုက်ခိုက်မှု​ကြောင့် ​သေဆုံးထိခိုက်မှုများက အထိအနာ​နေခြင်းဖြစ်သည်။

(​အောင်​ဇေယျ စစ်​ကြောင်းကိုတိုက်ခိုက်​နေ​သော ​​ကော်ဘရာစစ်သည်များ ၊စစ်​ကောင်စီတပ်မှ သံချပ်ကာနှင့် စစ်ကားတို့အား တိုက်ခိုက်သိမ်းယူသွား​သော ​ကော်ဘရာစစ်​ကြောင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-Cobra Column)

ဆက်စပ်သတင်းများ

သတင်း

KNLA နှင့် ပူး​ပေါင်းတပ်များမှာ မြန်မာနိုင်ငံ​မြောက်ပိုင်းမှ KIA နှင့် ပူး​ပေါင်းတပ်များကဲ့သို့ မတ် ၇ ရက်မှစ၍ စစ်​ကောင်စီတပ်စခန်းများအား အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလတွင်လည်း စခန်းသိမ်းတိုက်ပွဲများစွာပြုလုပ်ခဲ့သည်ကို​တွေ့ရသည်။

သတင်း

ပြီးခဲ့သည့် ဖေဖော်ဝါရီက အဆိုပါကျေးရွာ၌ ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့သတ်ဖြတ်ခဲ့သည်။

သတင်း

နှစ်ရက်တာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူမှုများပြီး PDFရဲဘော် ၁၅ဦးခန့်လည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။

သတင်း

လောင်းလုံးမြို့နယ် ထွေအုပ်ရုံး၊မြို့နယ်ရဲစခန်းနှင့် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းတို့ကိုမေလ ၉ရက်တွင် နံနက် ၆နာရီမှစ၍ တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။