Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါတွင် စစ်အုပ်စု နှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေ

ပြီးခဲ့သည့် ဖေဖော်ဝါရီက အဆိုပါကျေးရွာ၌ ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့သတ်ဖြတ်ခဲ့သည်။

(မ​ကွေးတိုင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG-MOD)
(မ​ကွေးတိုင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG-MOD)

ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ပျူစောထီးရွာဖြစ်သော မြောက်ခင်ရမ်းကျေးရွာမှ စစ်ကောင်စီနှင့်ပျူစောထီး အင်အား ၂၀၀ကျော်သည် အနီးပတ်ဝန်းကျင်ရွာများ စစ်ကြောင်းထိုးနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသည်။

“ဒီ‌နေ့(မေလ ၁၆ရက်)မနက် ထွက်လာတာ။အင်အား ၂၀၀ ကျော်တယ်။ ရွှေဘိုရွာကိုဝင်နေတယ်။ ပြည်သူတွေကို အကာအကွယ်ပေးဖို့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်နေကြတယ်”ဟု ဂန့်ဂေါမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲသည် ‌ရွှေဘိုရွာအနီး သံတောရွာလမ်း၌ နံနက်၆နာရီမှစတင် ဖြစ်ပွားနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” မနက်က တိုက်ပွဲမှာ ထိတဲ့သူတွေကို ကားတစ်စီးခေါ်ပြီး ပြန်တင်သွားတာတွေ့တယ်။ တိုက်ပွဲကဆက်ဖြစ်နေတယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

မြောက်ခင်ရမ်းကျေးရွာသည် စစ်တပ်မှအငြိမ်းစားယူခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဘူးလက်လှ‌ဆွေ၏ ဇာတိဖြစ်သည်။

ယခုအခါ စစ်ကောင်စီ အမာခံပျုစောထီးရွာအဖြစ် လူသိများသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီက အဆိုပါကျေးရွာ၌ ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့သတ်ဖြတ်ခဲ့သည်။

ထို့အပြင် မြောက်ခင်ရမ်းရွာ၊ဟံသာဝတီရွာအပါအဝင် ပတ်ဝန်းကျင်ပျူစောထီးကျေးရွာများမှလူငယ်အများအပြားလည်း ပြည်သူ့စစ်သင်တန်းသို့ ပို့ဆောင်ပြီး လက်နက်တပ်ဆင်ပေးထားကြောင်း သတင်းကးရရှိသည်။

ယနေ့တိုက်ပွဲတွင်လည်း ပျူစောထီးအများအပြားပါဝင်လာသည်ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း ၁၀၀ကျော်ရှိသည်။ မြောက်ခင်ရမ်းအပါအဝင် ခုနစ်ရွာသာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိနေပြီး ရွာပေါင်း ၉၀ ကျော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးများ၏အုပ်ချုပ်မှုအောက်တွင် မနေရဲကြသည့် ပျူစောထီးရွာခံအချို့သည် ရွာအားစွန့်ခွာထွက်ပြေးပြီး ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ၌ ခိုလှုံမှုများလည်းရှိနေသည်။

ဆောမြို့၊ဂန့်ဂေါမြို့၊ ထီးလင်းမြို့နှင့် ကျောက်ထုမြို့တို့ပါဝင်သည့် ယောဒေသကို ယခုရက်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မည့်သတင်းများ ရရှိထား၍ ဒေသခံပြည်သူလူထုအနေဖြင့် လေကြောင်းရန်ကာကွယ်ရေး အထူးဂရုစိုက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

KNLA နှင့် ပူး​ပေါင်းတပ်များမှာ မြန်မာနိုင်ငံ​မြောက်ပိုင်းမှ KIA နှင့် ပူး​ပေါင်းတပ်များကဲ့သို့ မတ် ၇ ရက်မှစ၍ စစ်​ကောင်စီတပ်စခန်းများအား အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလတွင်လည်း စခန်းသိမ်းတိုက်ပွဲများစွာပြုလုပ်ခဲ့သည်ကို​တွေ့ရသည်။

သတင်း

နှစ်ရက်တာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူမှုများပြီး PDFရဲဘော် ၁၅ဦးခန့်လည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။

သတင်း

လောင်းလုံးမြို့နယ် ထွေအုပ်ရုံး၊မြို့နယ်ရဲစခန်းနှင့် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းတို့ကိုမေလ ၉ရက်တွင် နံနက် ၆နာရီမှစ၍ တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

လက်ပံတန်းမြို့သည် ဧရာဝတီတိုင်း၊ ဟင်္သာ တမြို့နှင့် ဧရာဝတီမြစ်ခြားလျက်တည်ရှိပြီး စစ်ကောင်စီသည် ဟင်္သာတမြို့မြို့နယ်ဘယ်ခြမ်းမှလည်း အင်အားတိုးထားကြောင်း သတင်းရရှိသည်။