Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်မြို့နှင့် မြ၀တီ သင်္ဃန်းညီနောင် စခန်းသိမ်းတိုက်ပွဲ အပါအဝင် ဧပြီလတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၄၃၀ ဦးသေဆုံးခဲ့ဟု တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

KNLA နှင့် ပူး​ပေါင်းတပ်များမှာ မြန်မာနိုင်ငံ​မြောက်ပိုင်းမှ KIA နှင့် ပူး​ပေါင်းတပ်များကဲ့သို့ မတ် ၇ ရက်မှစ၍ စစ်​ကောင်စီတပ်စခန်းများအား အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလတွင်လည်း စခန်းသိမ်းတိုက်ပွဲများစွာပြုလုပ်ခဲ့သည်ကို​တွေ့ရသည်။

ဧပြီလအတွင်း KNLA ၊ PDF
ဧပြီလအတွင်း KNLA ၊ PDF

▪︎တော်လှန်ရေးရဲဘော် ၃၂ဦး ကျဆုံး၊ ၁၄၀ ကျော်ဒဏ်ရာရ

▪︎အာရှလမ်းအား ထိန်းချုပ်ရန် ထိုးစစ်ဆင်လာသည့် စစ်ကူတပ်အား ပိတ်ဆို့ တိုက်ခိုက်နေပြီးစစ်ကောင်စီ အင်အား ပြုန်းတီးစေရန် ဖော်ဆောင်နေဟုအသိပေး

ထားမြတ်/People’s Spring

ကရင်ပြည်နယ် ဖာပွန်မြို့ နှင့် မြ၀တီမြို့နယ် သင်္ဃန်းညီနောင် ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဧပြီလ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၄၃၀ဦး သေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၃၂ဦး ကျဆုံးခဲ့​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

KNLA နှင့် ပူး​ပေါင်းတပ်များမှာ မြန်မာနိုင်ငံ​မြောက်ပိုင်းမှ KIA နှင့် ပူး​ပေါင်းတပ်များကဲ့သို့ မတ် ၇ ရက်မှစ၍ စစ်​ကောင်စီတပ်စခန်းများအား အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလတွင်လည်း စခန်းသိမ်းတိုက်ပွဲများစွာပြုလုပ်ခဲ့သည်ကို​တွေ့ရသည်။

အဆိုပါ ဒေသများသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင်နှင့် တပ်မဟာ(၆) ဒူးပလာယာခရိုင်အတွင်း တည်ရှိပြီး စစ်ကောင်စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် Force For Federal Democracy(FFD)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အပါအဝင် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဧပြီလတွင် တောင်ပိုင်းစစ်ဒေသအတွင်း မြို့သိမ်းတိုက်ပွဲအနေဖြင့် ဖာပွန်မြို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ သင်္ကန်းညီနောင်ရှိ ခမရ (၃၅၅)၊ ခမရ (၃၅၆)၊ ၊ ခမရ (၃၅၇) တပ်ရင်းများနှင့် ဗျူဟာကုန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။စခန်းသိမ်းတိုက်ပွဲများ (၅)ကြိမ် နှင့် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲပေါင်း (၇၁)ကြိမ် ရှိခဲ့ကြောင်း ဖော်ပြသည်။

စစ်​ကောင်စီတပ်များအထိုင်ချတပ်စွဲထားသော စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု (၃၃၆)ကြိမ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁၁)ကြိမ်၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁၃)ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု (၁၅)ကြိမ်၊ စစ်​ကောင်စီဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု (၇) ကြိမ် စသဖြင့် မဟာမိတ်များနှင့် ဟန်ချက်ညီညီ ပူးပေါင်း၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟုလည်း အသိပေးသည်။

ပူး​ပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့​သောစခန်းသိမ်းတိုက်ပွဲများမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။
ပူး​ပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့​သောစခန်းသိမ်းတိုက်ပွဲများမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။

ဧပြီလအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီဘက်က ၄၃၀ဦး သေဆုံးကာ ၂၄၁ဦး ဒဏ်ရာရခဲ့ကြောင်း၊ လက်နက်ချအညံ့ခံသူများအပါအဝင် (၅၇) ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးမိခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ရန်သူ့ခဲယမ်းလက်နက်မျိုးစုံနှင့် ကျည်အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

စစ်ဆင်ရေးများအတွင်း PDFနှင့် မဟာမိတ်တပ်များဘက်က ရဲဘော် ၃၂ဦး ကျဆုံးကာ ၁၃၄ဦး ဒဏ်ရာရခဲ့သည်ဟုအသိပေးသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ပြည်သူများနေထိုင်ရာကျေးရွာများအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်းများနှင့် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူ (၄) ဦး သေဆုံးပြီး (၃၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် တောင်ပိုင်းစစ်‌ဒေသအနေဖြင့် တိုက်ခိုက်သိမ်းပိုက်ထားသော ဖာပွန်မြို့အပါအဝင် ဗျူဟာကုန်းများကို ဆက်လက်ထိန်းချုပ်ထားလျက်ရှိဟု အသိပေးသည်။

ထို့အပြင် မြဝတီ-ကော့ကရိတ် အာရှလမ်းတလျောက်အား ပြန်လည်ထိန်းချုပ်ရန် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသော တပ်မ(၅၅)၊ စကခ(၁၂) လက်အောက်ခံတပ်များကို လမ်းတလျောက် အသင့်စောင့်ကြို တားဆီးပိတ်ဆို့တိုက်ခိုက်လျက်ရှိပြီး ရန်သူ့အင်အားပြုန်းတီးစေရန် စစ်ဆင်ရေးများစွာ ဖော်ဆောင်လျက်ရှိကြောင်းလည်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။

KNU/PDF ပူးပေါင်းတပ်များသည် မြ၀တိမြို့ရှိ ခမရ(၂၇၅)တပ်ရင်းကို ဧပြီ ဒုတိယ ပတ်တွင် သိမ်းပိုက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင်စစ်ကောင်စီတပ်က ၎င်း၏ လက်အောက်ခံ BGF တပ်ဖွဲ့၏ အကူအညီဖြင့် စစ်ကောင်စီတပ်များ ခလရ( ၂၇၅) တပ်ရင်းထံပြန်လည်နေရာယူခဲ့သည်။

မတ်လ ၇ ရက်မှစတင်​သောထိုးစစ်နှင့်ပတ်သက်၍ KNUပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီး က “ကျွန်တော်ပြောချင်တာကတော့ မတ်လ(၇)ရက်နေ့ မြောက်ပိုင်းဒေသဘက်မှာလည်းဖြစ်လာတယ်။ ကျွန်တော်တို့ဘက်မှာလည်း ဖြစ်လာတယ်။ ထိုနည်းလည်းကောင်းပဲ အနောက်ဘက်ခြမ်းမှာလည်း လှုပ်လှုပ်လှုပ်လှုပ်ဖြစ်သွားတယ်ဆိုတာ ကျွန်တော်တို့အတွက်တော့ အထူးအဆန်းမဟုတ်ဘူး။ ဟန်ချက်ညီညီ လုပ်ဆောင်ဖို့ဆိုတာ ကျွန်တော်တို့တိုင်းပြည်ရဲ့ အခြေအနေနဲ့ကိုက်ညီတယ်။ ဒီလိုလုပ်နိုင်ပြီဆိုရင် ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့အောက်မှာရှိတဲ့ တပ်ပေါင်းစုက သွားတိုက်တာထက် ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာ ဒီလို ဟန်ချက်ညီညီနဲ့လုပ်ပြီဆိုရင်တော့ စစ်ကောင်စီက ခွေးရူးလိုဖြစ်သွားမှာပေါ့။ ဟိုပြေးရဒီပြေးရ သူ့လူက မလုံမလောက်နဲ့ သူ့ယန္တရားကလည်း ပြိုကျနေတာ။ ကျွန်တော်ပြောချင်တဲ့ခရီးလမ်းက အဲဒီလိုလျှောက်သွားမယ်ဆို သိပ်မဝေးဘူးဆိုတာ ပြောချင်တယ်”ဟု လူထု​နွေဦးသို့​ပြောကြားထားသည်။

“စစ်ဆင်ရေး အဆင့်တိုင်း အဆင့်တိုင်းဟာ NUG နဲ့ ERO တွေနဲ့ ထိတွေ့ပြီးတော့ ၊ မဆွေးနွေး၊ မတိုင်ပင်ဘဲ ဖြစ်လာတဲ့ စစ်ဆင််ရေးကြီးတွေ တစ်ခုမှ မရှိဘူး။ အားလုံးက ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင်ထားပြီးမှ ဆောင်ရွက်လာကြတာဖြစ်တယ်။ ထို့အတူတူပဲ လာမယ့် ဒီနှစ်အပိုင်းအခြားထဲမှာ ဒီထက်ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှု အားလုံးကောင်းတဲ့ စစ်ရေးဆောင်ရွက်ချက်တွေကိုလည်း ထပ်ပြီး မြင်လာရမှာဖြစ်ပါတယ်ဆိုတာလေးကိုလည်း ဖြည့်စွက်ဖြေကြားပေးလိုပါတယ်” ဟုပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဧပြီ ၃၀ရက်၌ ကျင်းပခဲ့သည့် NUG ၃နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

(ဧပြီလအတွင်း KNLA ၊ PDF နှင့်ပူး​ပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့​သောစခန်းသိမ်းတိုက်ပွဲများမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNU ၊​တောင်ပိုင်းစစ်​ဒေသ ၊CJ)

ဆက်စပ်သတင်းများ

သတင်း

ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်ကလည်း အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးသည့် စစ်သုံ့ပန်းများအား ဖမ်းမိထားသည်ဟု က People's Springသို့ ပြောထားသည်။သို့​သော် အ​ရေအတွက်ကိုမူ​ပြောကြားခြင်းမရှိ​ပေ။

သတင်း

ခလရ(၁၄၂)အား KIA က မသိမ်းပိုက်မီ ယင်းတပ်ရင်းထဲမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား နယ်စပ်ဖြတ်ကျော်၍ ယူဆောင်လာခွင့်ပြုရန် စစ်ကောင်စီ၏တောင်းဆိုမှုကို တရုတ်ကပယ်ချခဲ့ကြောင်း People's Spring က စုံစမ်းသိရှိရသည်။

သတင်း

ဆုံရွာ တိုက်ခိုက်ခံရမှုမှာ PDFတွေဒရုန်းနဲ့ဗုံးချတာ ၊လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ကျေးရွာထဲက ကလေးငယ် အပါအဝင် ၃၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၄ ဦး ရခဲ့တယ်လို့စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

သတင်း

ပြီးခဲ့သည့် ဖေဖော်ဝါရီက အဆိုပါကျေးရွာ၌ ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့သတ်ဖြတ်ခဲ့သည်။