Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး AA သိမ်းပိုက်

ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)များဖြစ်ကြသော စကခ (၅) တောင်ကုတ်၊ စကခ (၉)ကျောက်တော်နှင့် စကခ (၁၅)ဘူးသီးတောင်တို့ရှိရာ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်ရှိ စကခ ဌာနချုပ်များကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။

(ဘူးသီးတောင်မြို့နယ်တနေရာတွင် တွေ့ရသော AA တပ်သားများ။ဓာတ်ပုံ - AA)
(ဘူးသီးတောင်မြို့နယ်တနေရာတွင် တွေ့ရသော AA တပ်သားများ။ဓာတ်ပုံ - AA)

▪️စစ်ဆင်ရေးနှစ်လအတွင်း စကခ(၁၅)တပ်မ ဌာနချုပ်၊ ဘူးသီးတောင် ဗျူဟာဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရင်းဌာနချုပ် ၁၈ခု သိမ်းပိုက်နိုင်ခဲ့ဟု အသိပေး

ရှိုင်း၊ဇော်ရမ်း/People’s Spring

ရက္ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ (မေလ ၁၈ရက်) ထုတ်ပြန်သည်။

မတ်လ ၂၅ရက်မှ မေလပထမပတ်အတွင်း အမှတ်(၁၅) စစ်ဆင်ရေးကွတ်ကဲမှု ဌာနချုပ်နှင့် တပ်ရင်း လေးရင်းကို AAက သိမ်းပိုက်ထားပြီးနောက် ဘူးသီးတောင်မြို့နယ်အတွင်း ကျန်နေသည့် စစ်ကောင်စီတပ်စခန်းများကို AAက ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ မေလ ၁၃ရက်တွင် နယ်ခြားစောင့်တပ်ဌာနချုပ် တစ်ခု၊ မေလ ၁၄ရက်တွင် စစ်ကောင်စီတပ်ရင်း လေးခု၊ မေလ ၁၆ရက်တွင် နယ်ခြားစောင့်တပ်ဌာနချုပ် တစ်ခု၊ ယနေ့(မေလ ၁၈ရက်)တွင် တပ်ရင်းနှင့် ဗျူဟာ ၇ခုတို့ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယနေ့ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်ရင်းဌာနချုပ်များမှာ ဘူးသီးတောင်ဗျူဟာဌာနချုပ်၊ အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနှင့် GE တပ်ရင်းတို့ဖြစ်သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

မေလ ၁၄ရက်က သိမ်းပိုက်ရရှိခဲ့သည့် စစ် ကောင်စီတပ်ရင်းများမှာ ခမရ (၃၅၃)၊ခမရ (၅၃၅)၊ခမရ (၂၆၃)နှင့် ခမရ (၂၃၃)တို့ ဖြစ်ကြောင်း ဖော်ပြသည်။

မေလ ၁၃ရက်တွင် နယ်ခြားစောင့်တပ် နခခ(၃)၊ မေလ ၁၆ရက်တွင် နခခ (၈)စခန်းအား သိမ်းပိုက်နိုင်ခဲ့ဟု အသိပေးသည်။

စစ်ကောင်စီ၏ ခမရ (၅၅၂)၊ ခမရ (၅၆၄)၊ ခမရ (၅၆၅)၊ စကခ (၁၅)ဘူးသီးတောင် တပ်မ ဌာနချုပ်၊ ခမရ(၅၅၁)တပ်ရင်းများကိုလည်း AAက မတ်လ ၂၅ရက်မှ မေလ ၃ရက်အတွင်း တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ချ အညံ့ခံသော သုံ့ပန်းများကို ဖမ်းဆီးရမိခဲ့ကြောင်း အသိပေးထားသည်။

ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးသိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်ကောင်စီ ဗျူဟာနှင့် တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီထံ သင်တန်းဆင်းပြီး AA အားတိုက်ခိုက်နေသော ဘင်္ဂလီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်နေကြောင်းလည်း ထုတ်ပြန်သည်။

ထို့ကြောင့် တိုက်ပွဲများမှာ ဘူးသီးတောင်မြို့ပတ်ဝန်းကျင်၌ ဆက်လက်ဖြစ်ပွားလျက်ရှိဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျား ခြေဦးတည့်ရာဖြင့် လွတ်မြောက်မည်ဟုထင်ရသောနေရာများနှင့် ကျေးရွာများ၊ ဘူးသီးတောင်မြို့အတွင်းသို့ ထွက်ပြေးနေကြသောကြောင့် ဘူးသီးတောင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင် ကြရန်လည်း AAက သတိပေးသည်။

ရက္ခိုင်ဒေသ စစ်ဆင်ရေးကို AAက ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှ စတင်ခဲ့ရာ ၆လကျော်အတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များစွာ သိမ်းပိုက် ထားနိုင်ခဲ့ပြီး ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ရသေ့တောင် ဘူးသီးတောင်စသည့်မြို့များကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)များဖြစ်ကြသော စကခ (၅) တောင်ကုတ်၊ စကခ (၉)ကျောက်တော်နှင့် စကခ (၁၅)ဘူးသီးတောင်တို့ရှိရာ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်ရှိ စကခ ဌာနချုပ်များကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းများကို KIAက မေလ ၁၈ရက်တွင် တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယနေ့(မေလ ၂၀ရက်)နံ နက်အချိန်ထိ စစ်ကောင်စီတပ်စခန်း ၁၂ခုထက်မနည်း ရရှိထားသည်။

သတင်း

တိုက်ခိုက်မှုကြောင့် တင်းဂါတ်ပျူစောထီးကျေးရွာမှ ပျူ ဒုလက်ထောက်သန့်ဇင် အပါအဝင် စစ်သားနှင့်ပျူစောထီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက ဆိုသည်။

သတင်း

ခလရ(၁၄၂)အား KIA က မသိမ်းပိုက်မီ ယင်းတပ်ရင်းထဲမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား နယ်စပ်ဖြတ်ကျော်၍ ယူဆောင်လာခွင့်ပြုရန် စစ်ကောင်စီ၏တောင်းဆိုမှုကို တရုတ်ကပယ်ချခဲ့ကြောင်း People's Spring က စုံစမ်းသိရှိရသည်။

သတင်း

KNLA နှင့် ပူး​ပေါင်းတပ်များမှာ မြန်မာနိုင်ငံ​မြောက်ပိုင်းမှ KIA နှင့် ပူး​ပေါင်းတပ်များကဲ့သို့ မတ် ၇ ရက်မှစ၍ စစ်​ကောင်စီတပ်စခန်းများအား အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလတွင်လည်း စခန်းသိမ်းတိုက်ပွဲများစွာပြုလုပ်ခဲ့သည်ကို​တွေ့ရသည်။