Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝိုင်းမော် ခလရ (၃၂၁)စစ်တပ်စခန်းကို KIAတိုက်ခိုက်

​ခလရ ၃၂၁ အပါအဝင် ဝိုင်းမော်ရှိ စစ်ကောင်စီတပ်စခန်းများအား KIAက ​မေ ၁၈ နံနက် စတင်ထိုးစစ်ဆင်ခြင်းဖ့စ်​ကြောင်း အခြားကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း အတည်ပြုပေးသည်။

(KIA တပ်ဖွဲ့ဝင်များနှင့် ခလရ ၃၂၁ ကို Google Map တွင်​တွေ့ရပုံ။ဓါတ်ပုံ-KIA)
(KIA တပ်ဖွဲ့ဝင်များနှင့် ခလရ ၃၂၁ ကို Google Map တွင်​တွေ့ရပုံ။ဓါတ်ပုံ-KIA)

▪︎ဝိုင်း​မော် မြို့နယ်ရှိ စစ်​ကောင်စီတပ်စခန်းများ KIA ဦး​ဆောင်​သောပူး​ပေါင်းတပ်များကတပြိုင်နက်ထိုးစစ်ဆင်

ဟန်နွေ ၊ ဇော်ရမ်း/People’s Spring

ဝိုင်းမော်မြို့အနီး ရွှေညောင်ပင်ကျေးရွာမှ ခလရ (၃၂၁)ရှေ့တန်းတပ်စခန်းကို ကချင်လွတ်လပ်ရေတပ်မတော်(KIA)နှင့် KPDFက ယနေ့(မေလ ၁၈ရက်)နံနက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

“ဒီမနက်အသံတွေ ကြားနေရပြီ။ ၃၂၁ စခန်းကို ဝင်ဆော်နေတာ။ အဲတကြောလုံးမှာ ချနေတာလို့ကြားတယ်” ဟု ဝိုင်းမော်မြို့ခံတစ်ဦးကပြောသည်။

​ခလရ ၃၂၁ အပါအဝင် ဝိုင်းမော်ရှိ စစ်ကောင်စီတပ်စခန်းများအား KIAက ​မေ ၁၈ နံနက် စတင်ထိုးစစ်ဆင်ခြင်းဖ့စ်​ကြောင်း အခြားကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း အတည်ပြုပေးသည်။

Public Service Announcement

Public Service Announcement

“ ရွှေညောင်ပင်ပါတယ်။ ဂါးရာယန်တို့။ မြစ်ကြီးနားကနေ လိုင်ဇာသွားတဲ့လမ်း။ ကဇူးတို့၊ ဒဘတ် တို့ အဲဒီမှာ ရှိတဲ့တပ်စခန်းတွေပေါ့။ “ ဟု မြစ်ကြီးနား ဒေသခံက ပြောသည်။

တိုက်ပွဲပြင်းထန်ပြီးလက်နက်ကြီး၊လက်နက်ငယ်အသံများကို ဝိုင်းမော်မြို့ပေါ်မှ ကြားနေရကြောင်း ဒေသခံများကပြောသည်။

KIA သတင်းများ ဖော်ပြလေ့ရှိသည့် 7Stars Nwes ကလည်း ၀ိုင်းမော်တိုက်ပွဲသတင်းကို ဖော်ပြရာ မေလ ၁၈ရက်မနက်တွင် ၀ိုင်းမော်မြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန်း ၁၀နေရာကို KIAနှင့် KPDF ပူးပေါင်းတပ်က တပြိုင်နက် ထိုးစစ်ဆင်နေကြောင်း အသိပေးထားသည်။

(KIA တပ်ဖွဲ့ဝင်များနှင့် ခလရ ၃၂၁ ကို Google Map တွင်​တွေ့ရပုံ။ဓါတ်ပုံ-KIA)
(KIA တပ်ဖွဲ့ဝင်များနှင့် ခလရ ၃၂၁ ကို Google Map တွင်​တွေ့ရပုံ။ဓါတ်ပုံ-KIA)

ခလရ ၃၂၁ စခန်းသည် စစ်တပ်လက်​အောက်ခံ ​ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို စစ်သင်တန်း​ပေး​လေ့ရှိ​သော စခန်းတစ်ခုဖြစ်သည်။ ပြည်သူ့စစ်​ခေါင်း​ဆောင် ​ဦး​ရွှေမင်းသည် မတ်လ ၇ ရက်တွင်အရှိန်မြှင့်စနင်​သော KIA ဦး​ဆောင်​သည့် ​တော်လှန်​ရေးတပ်များ၏ ထိုးစစ် ၏ ပထမဆုံး​နေ့တွင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကတိုက်ခိုက်၍ ​သေဆုံးခဲ့သည်။

KIA က​မေလ ၄ ရက်ကလည်း ဂီဒွန်တပ်စခန်းအပါအဝင် ဝိုင်းမော်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ခဲ့ပြီး ဆမား၊ ကဂမ် အပါအဝင် ဒေသတွင်း တပ်စခန်းနှင့် ကာကင်းစခန်း ၁၀ခုကျော်ကို မေလ ၅ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။နာမည်ကြီးဂီဒွန်တပ်စခန်းကို ​မေ ၆ ရက်၌ သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

ဂီဒွန်တပ်စခန်းသည် ၂၀၁၆ ခုနှစ်တွင် စစ်တပ်က အင်အားလုံးအရင်း၊ လေကြောင်းပစ်ကူများစွာ အသုံးပြု တိုက်ခိုက်ကာ KIAထံမှ သိမ်းယူခဲ့သည့် တပ်စခန်းဖြစ်သည်။ ထိုစဉ်က ၄လကျော်ကြာ တိုက်ခိုက်ခဲ့ရသော်လည်း KIAက ဂီဒွန်တပ်စခန်းကို နာရီပေါင်း ၄၀ ကျော် ထိုးစစ်အတွင်း ပြန်လည်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဂီဒွန်တပ်စခန်းကို မေလ ၄ရက် ညနေတွင် စတင်ထိုးစစ်ဆင်ခဲ့ရာ မေလ ၆ရက် နေ့လည်တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဂီဒွန် စခန်းကို စစ်ကောင်စီက ၂၀၁၆ ဩဂုတ်လ ၁၆ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ လေးလအကြာ ၂၀၁၆ ဒီဇင်ဘာ ၁၇ရက်တွင် KIAက လက်လွှတ်ခဲ့ရခြင်းဖြစ်ပြီး၇ နှစ်ကျော် အကြာတွင် စစ်ကောင်စီထံမှ ပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်သည်။

ထိုအပြင် မေလ ၉ရက် နေ့လည်ပိုင်းကလည်း KIA နှင့် KPDF များကမြစ်ကြီးနားနှင့် ဝိုင်းမော်ကို ဆက်သွယ်ထားသည့် ဧရာ၀တီမြစ်ကူး ဗလမင်းထင် တံတားအနီးရှိ ၀ိုင်းမော်မြို့နယ်၊ မိုင်းနားရွာဘက်ခြမ်းရှိ စုပေါင်းဂိတ်ကို တိုက်ခိုက်ပြီး ဂိတ်ကို မီးရှို့ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA ဦး​ဆောင်​သော ​တော်လှန်​ရေးတပ်များသည် ယခုရက်ပိုင်းတွင် မိုးမောက်၊ မံစီ မြို့နယ်ရှိ စစ်​ကောင်စီလက်ကျန်စခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

KIAသည် မတ်လ ၇ရက်တွင် ထိုးစစ်အရှိန်မြှင့်တင်ပြီး စစ်ကောင်စီတပ်စခန်းများစွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နှစ်လခွဲနီးပါးအတွင်း စစ်ကောင်စီတပ်စခန်း ၁၀၀ ခန့်ကို သိမ်းပိုက်ထားပြီ တပ်ရင်းဌာနချုပ်များလည်း ပါဝင်သည်။ မံစီ၊ မိုးမောက်၊ ဝိုင်းမော်၊ ဗန်းမော်၊ ဖားကန့်၊ တနိုင်း၊ ဆွမ်ပရာဘွမ်၊ မြစ်ကြီးနားနှင့် လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအပြင် လွယ်ဂျယ် ၊ဆင်ဘို ၊ ဆွမ်ပရာဘွမ် စ​သော မြို့များကို KIA ကအလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး မိုး​မောက် ၊မံစီ မြို့ များကိုပါ ထိန်းချုပ်ထားနိုင်ပြီး မြို့အနီးရှိလက်ကျန်စခန်းများကို သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်​နေ​ကြောင်း စစ်​ရေးရင်းမြစ်များက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသ၏ စစ်ဒေသမှူးလည်းဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းအကြောင်း ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို မေလ ၁၈ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် တင်းဂါတ်ပျူစောထီးကျေးရွာမှ ပျူ ဒုလက်ထောက်သန့်ဇင် အပါအဝင် စစ်သားနှင့်ပျူစောထီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက ဆိုသည်။

သတင်း

တိုက်ခိုက်မှုကြောင့် ဒုရဲအုပ်တစ်ဦး၊ ရဲဒုတပ်ကြပ် နှစ်ဦးနှင့် ရဲတပ်သား သုံးဦး စုစုပေါင်း ခြောက်ဦး သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့်အနီးအနား ကျေးရွာများသို့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး MI-2 ရဟတ်ယာဉ် တစ်စီးဖြင့်လည်း လေကြောင်းမှ နှစ်ကြိမ်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။